33 C
Yangon

နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု လေတပ် တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်း ဆည်း ရရှိ၊ အလောင်း လာကောက်သည့် စစ်ကား ၄ စီးကို မိုင်း ထပ်ဆွဲ

Must read

နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု လေတပ် တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်း ဆည်း ရရှိ၊ အလောင်း လာကောက်သည့် စစ်ကား ၄ စီးကို မိုင်း ထပ်ဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဒဟတ်တောရွာအနီးတွင် ကင်းလှည့်လာသော အကြမ်းဖက်စစ်သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိတ္တီလာလေတပ်မှ တပ်ကြပ်တစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်း ဆည်း ရရှိခဲ့ကြောင်း မြင်းခြံခရိုင် ၊ အမှတ် ၄ တပ် ရင်း ( နွားထိုးကြီး PDF)မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇန်နဝါရီလ ၂၀ ရက် နေ့လည် ၁၁ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ အင်အား ၁၅ ဦး ခန့်ဖြင့် ကင်းလှည့်ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင်အမှတ် (၄) တပ် ရင်း (နွားထိုး ကြီးမြို့နယ် PDF) တပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး သေဆုံး ပြီး MA 3 သေနတ် တစ်လက်၊ ကျည် ၁၉ တောင့်၊ ကျည်ဘောက်တစ်ခု၊ အီကွန့်မင့် တစ်စုံကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“တပ်ကြပ်ကြီးသေပြီးတော့ တခြားစစ်ခွေးတွေက ထွက်ပြေးသွားတာ၊ လိုက်တော့ ပစ်သေးတယ်၊ အခု သေပြီး ကျန်ခဲ့တဲ့ စစ်ခွေး အလောင်းက မိတ္ထီလာလေတပ်က အရစ်သုံးရစ်နဲ့ တပ်ကြပ်ကြီး မျက်မြင်သေ ဆုံးတာပေါ့၊ တခြားထွက်ပြေးသွားတဲ့ စစ်ခွေးတွေ ဒဏ်ရာရတာရှိနိုင်ပေမယ့် အတိအကျ မသိရဘူး” ဟု နွားထိုးကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာ (ဝက်လူးရဲစခန်း)သို့ နွားထိုးကြီးမြို့မှ ကားဖြင့် စစ်ကူတက်လာရာ နွား ထိုးကြီး-ဝက်လူးလမ်းမပေါ် ပဲချပ်ရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမိုင်းဆွဲတိုက်ခိုက် ခံမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို ဝက်လူးရဲစခန်းအတွင်းသို့ ထားခဲ့ပြီး ကား ၄ စီးဖြင့် သေဆုံး သွားသော တပ်ကြပ်ကြီးအလောင်းကို ကောက်ယူသယ်ဆောင်သွားကြောင်း သိရသည်။

“တပ်ကြပ်ကြီးအလောင်းကို ကား ၄ စီးနဲ့လာကောက်သွားတယ်၊ တပ်ကြပ်ကြီးအလောင်းကို မိတ္ထီလာ လေ တပ်ထဲလိုလို ၊တခြားနေရာလိုလို ကားတစ်စီးနဲ့ချိန်းပြီးယူသွားတယ်လို့ပြောတယ်၊ အတိအကျတော့ မသိရဘူး၊ အလောင်းပို့ပြီးပြန်လာတဲ့ ကားတွေက မိုင်းကွင်းထဲထပ်ရောက်လာလို့ ထပ်မိုင်းဆွဲခဲ့သေး တယ်” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားသည်ကို မျက်မြင် ပြည်သူများထံမှ သိရသော်လည်းအတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article