33 C
Yangon

မတူပီ၊ ပေါက်၊ ပခုက္ကူ တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၇ ဦးသေဆုံးကာ လက်နက် ၁ လက်ရရှိ

Must read

မတူပီ၊ ပေါက်၊ ပခုက္ကူ တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၇ ဦးသေဆုံးကာ လက်နက် ၁ လက်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် ပေါက်မြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ ကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

မတူပီတွင် စစ်သား ၉ ဦးသေဆုံး

==================

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မှ စတင်ပြီး အထူးစစ်ဆင်ရေးတစ်ခုကို မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်တပ် ရှေ့တန်း ကာကင်းစခန်းအား ဝင်ရောက်စီးနင်း တိုက်ခဲ့ ကြောင်း သိရှိရသည်။

စစ်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရေးနိမ့်နေသော စစ်တပ် ကာကင်းစခန်းသို့ စစ်ကူလာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ထပ်မံကြား ဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ဒဏ် ရာ ရသူ အများအပြားရရှိခဲ့ကြောင်း၊ CDF-MATUPI က စစ်တပ်၏ လက်နက် MA-1 တစ်လက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ အတွင်း CDF Matupi မှ မင်းတပ်လမ်းတွင် တိုက်ပွဲ ၂ ကြိမ်၊ ဟားခါးလမ်းတွင် ၃ ကြိမ်၊ စုစုပေါင်း ၅ ကြိမ်တိတိ ဖော် ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပေါက်နှင့်ပခုက္ကူမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၁၈ ဦးသေဆုံး

=====================================

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်အချိန် မကွေးတိုင်း၊ ပေါက် မြို့နယ်၊ အိမ်တွင်းအမှု အသက်မွေး သင်တန်းကျောင်းရှိ အကြမ်းဖက် စစ်သား၊ ရဲများစောင့်နေသော ဂိတ်နှစ်ခုကို မြိုင်ပကဖ တပ်ရင်း ၁ နှင့် ပေါက် ဗိုလ် တစ္ဆေ အဖွဲ့တို့ပူ‌ပေါင်းပြီး တိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲများထိခိုက် သေဆုံး မှု ရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်ညနေ ၆ နာရီ မိနစ် ၂၀ မှ ၆ နာရီ ၃၂ မိနစ် အထိ ပခုက္ကူမြို့နယ်၊ ကောင်း ဆက်ဝိုင် ဆီပန့်ဆိုင်နှင့် ကန်တော် ကျေးရွာ အကြား၌ အဖြူရောင်အိမ်စီးကား တစ်စီးဖြင့် ကင်းပုန်းလာဝပ် သော အကြမ်း ဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံး ခဲ့ကြောင်း သိရ သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်သား၁ ဦးက နေရာယူပြီး တရစပ် ပစ်ခတ် နေ သည့်အပြင် အနီးရှိ ဘုန်းကံရွာမှ လက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်း၊ ဘုန်းကံရွာမှ ပစ်ကူပေးသော လက်နက်ကြီးတစ်ခု ပြောင်းကွဲကာ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီး တောက်လျှောက်ပစ်နေတာရတယ်၊ ကျန်တဲ့ စစ် ခွေးတစ်ကောင်က လည်း တရစပ်ပစ်နေ တာရယ်ကြောင့် လက်နက် ကောက် ချိန်မရဘဲ ပြန်ဆုတ်လာခဲ့ရတယ်၊”ဟု မြိုင် ပကဖ မှတာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်အချိန် ပခုက္ကူဘက်မှ ကမ္မဘက် သို့ ထွက်လာသော ဖောကား ၆ စီးဖြင့် တက်လာသည့် စစ်ကြောင်းကို မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကားများဖြင့် ပခုက္ကူသို့ပြန်သယ် သွား ပြီး ဖောက်ခွဲတိုက်ခိုက်ခံရ သည့်နေရာကို စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ရမ်းသမ်းပစ် ခတ်နေ ကြောင်း သိရသည်။

ဓာတ်ပုံ- ယနေ့ မင်းတပ် – မတူပီလမ်းပေါ်ရှိ တိုက်ပွဲအတွင်း CDF Matupi က သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ပိုင် MA-1 လက်နက်နှင့် CDF မတူပီ ရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article