ပုလဲမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၄
ပုလဲမြို့နယ် ကျေးရွာတစ်ရွာတွင် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ဦးဆောင် ကော်မတီနှင့် ပုလဲ မြို့နယ် တော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။