28 C
Yangon

ဘီးလင်းနှင့်သထုံကြားအတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီး နေအိမ် ၁ လုံးကို လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီး

Must read

ဘီးလင်းနှင့်သထုံကြားအတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးပြီး နေအိမ် ၁ လုံးကို လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ဘီးလင်းနှင့်သထုံအကြားတွင် ယနေ့ နံနက်ပိုင်း စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူ များ ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် မုပ္ပလင်မှ သထုံမြို့နယ် ဘက် သို့ ဆင်းလာသော စစ်ကောင်စီတပ်၏ ကား ၁၁ စီးပါ ယာဉ်တန်းကို ဘီးလင်း မြို့နယ် နှင့်သထုံမြို့နယ် အကြား ဒေါက်ရပ်ရွာအနီးတွင် မိုင်းဆွဲ တိုက် ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က မိုင်းဆွဲခံရပြီးနောက် လက်နက်များဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့ပြီး ဒေါက်ရပ်ကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ နေအိမ် ၁ လုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ယင်းသို့ မိုင်းဆွဲမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် ဘီးလင်း-သထုံ ကားလမ်း ခေတ္တ ပိတ်ဆို့ထားခဲ့ပြီး မွန်းလွဲပိုင်းတွင် လမ်းပြန် ဖွင့်ပေးခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article