28 C
Yangon

ဟိုပင်မြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ပြီး အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ သေဆုံး

Must read

ဟိုပင်မြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ပြီး အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ သားအမိနှစ်ဦး ထိမှန်ပြီး သားဖြစ်သူ သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်က ၁၂၀ မမ လက် နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နန့်ရင်းရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ နန့်ရင်း ကျေးရွာ စာသင် ကျောင်းရှေ့နေအိမ်မှ ယာခင်းသို့ သွားရောက်သူ အသက် ၅၀ အရွယ် ဒေါ်မိကြည်နှင့် သားဖြစ်သူ အ သက် ၁၉ နှစ်အရွယ် စိုင်းစိုင်းတို့ကို ထိမှန်ကာ သားဖြစ်သူ စိုင်းစိုင်းမှာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း၊ မိခင် ဖြစ်သူ ဒေါ်မိ ကြည်မှာ မြစ်ကြီးဆေးရုံ၌ တင်ပို့ကု သထားရကြောင်း သိရသည်။

“ဟိုပင်မြို့ခလရ ၄၀ ကနေ ပစ်နေတာ ၃ ရက်ဆက်တိုက်ရှိပါပြီ။ ဒီနန့်ရင်းရွာဘက်ကို ဒီလိုလက် နက်ကြီးတွေ ရမ်းပြီးပစ်နေတာဟာ ၃ ရက်ဆက်တိုက်ရှိသွားပြီ။ ဒါထိခိုက်မှုဖြစ်တာပဲ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းကလည်း ဟိုပင်မြို့တော်ခန်းမအနီးတွင် ကျန်းမာရေးအရ လမ်း လျှောက်နေသူများ၊ အရက်ဆိုင်ထိုင်သောက်နေသူ ပြည်သူ ၂၀ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဖမ်း ဆီးသွားပြီး ယနေ့(ဇန်နဝါရီလ ၂၇ ရက်) နံနက်ပိုင်းတွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ အမျိုး သားများကိုမူ ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article