35 C
Yangon

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီး

Must read

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီး

ရန်ကုန်၊ မေ ၄

မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် အများအပြား ပျက်စီးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် အမြောက်တပ် ၃၁၀ က ၁၂၀ မမ လက်နက်ကြီး. ၂ လုံး ပစ်ခတ်ခဲ့ပြီး ပဲခူးတိုင်း ၊ ဝေါမြို့နယ် အထက်ကွေ့ကြီး ဘုန်းကြီးကျောင်း အနောက် တွင် ရှိနေသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီး. ၅ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်သော လက်နက်ကြီးများသည် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ထိမှန်သော နေအိမ် ၆ လုံးမှာ လုံး၀ ပျက်စီးသွားခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း၊ သို့ရာတွင် ပြည်သူများမှာ စိုးရိမ်စိတ်များဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးမှုများရှိကြောင်း သိရှိရသည်။

ထို့အတူ မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ က ပစ်ခတ်ခဲ့​သော ၈၁ မမ လက်နက်ကြီး. ၃ လုံး သည် ခမရ ၂၀၇ မြောက်ဘက်ရှိ ပြည်သူပိုင် ခြံများထဲသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားထိခိုက်မှု မရှိကြောင်း၊ ကျန်လက်နက်ကြီး ၁ လုံးမှာ စစ်ကွင်းရွာ ထဲ သို့ ကျရောက်ခဲ့ရာ ၈၁ မမ လက်နက်ကြီး ကျည် သည် ပေါက်ကွဲမှု မရှိကြောင်း သိရှိရသည်။

“၈၁ မမ လက်နက်ကြီးကျည်ကျတဲ့နေရာက အရပ်သားအိမ်တွေရှိတဲ့ စစ်ကွင်းရွာ အရှေ့ဘက်ရှိ စျေးဆိုင် (ပထမ လမ်း) လမ်းထိပ်ကို ကျပါတယ်။ ဒါပေမယ့် ကံကောင်းတာက လက်နက်ကြီးကျည်က မပေါက်ကွဲခဲ့ဘူး။ ပေါက်ကွဲခဲ့ရင်တော့ ပြည်သူတွေ ထိခိုက်သေဆုံးနိုင်တယ်။ မပေါက်ကွဲဘဲ ရှိနေတဲ့ လက် နက်ကြီးကျည်ကို တူးဖော်ရှင်းလင်းနိုင်ခဲ့တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article