ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ မေ ၄
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းကို ကြို့ပင်ကောက်မြို့နယ် တပ်ရင်းအမှတ် ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon (GBK PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၇၉ မမ ၊ ၄၀ မမ ဗုံးသီးများ အပြင် လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အဲရဲစခန်းက စစ်ခွေးတွေက ပြည်သူတွေကို ဒုက္ခပေးနေတာ ၇၉ မမ ၊ ၄၀ မမ ဗုံးသီးတွေ အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
