36 C
Yangon

ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့်တပ်ကြပ်ကြီး သတ် ဖြတ်ခံရ ပြီးနောက် ပဲခူးရိုးမ အနောက်ပိုင်းကို စစ်တပ်က အင်အား ၁၀၀၀ နီးပါး ဖြင့် စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့်တပ်ကြပ်ကြီး သတ် ဖြတ်ခံရ ပြီးနောက် ပဲခူးရိုးမ အနောက်ပိုင်းကို စစ်တပ်က အင်အား ၁၀၀၀ နီးပါး ဖြင့် စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပဲခူးတိုင်းတွင် ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ် နှင့်အဖွဲ့ သတ်ဖြတ်ခံရပြီးနောက် ပဲခူးရိုးမ အနောက်ပိုင်းသို့ စစ်တပ်က အင် အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှတွင် စတင်ကာ ပဲခူးရိုးမ အနောက်ပိုင်းကို အကြမ်း ဖက် စစ်တပ်က ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုး လျက်ရှိပြီး တောင်ငူခရိုင် စံပယ် ကြွယ်ရွာဘက်မှ အင်အား ၃၀၀ ကျော်ဖြင့် ရိက္ခာကား ၇ စီး လက်နက် ကြီး လက်နက်ငယ်များဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ရေတာရှည် မြို့နယ် သာဂရကိုးပင်လမ်းမှ အင်အား ၅၀ စစ်ကြောင်း၊ အင်အား ၁၀၀ ဝန်း ကျင် ရှိသော တပ်မ ၇၇ ပါဝင်သည့် စစ်ကြောင်း၊ ဘောင်းကြီးကျေးရွာတွင် အင်အား ၇၀ ဝန်းကျင် ပါဝင်သည့် စစ်ကြောင်း၊ ဇရပ်ကွင်းကျေးရွာတွင် အင် အား ၁၃၀ ပါဝင်သည့် စစ်ကြောင်း၊ ပဲခူးရိုးမအတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် များနှင့် ထိတွေ့မှု ဖြစ်ပြီး ပျောက်ဆုံးနေသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်း တို့ဖြင့် အင်အားအလုံးအရင်း အသုံးပြုလျက်ရှိကြောင်း သိရသည်။

” ဗိုလ်မှူး သန်းထွဋ် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အနောက်ပဲခူးရိုးမထဲကို ဘက်ပေါင်းစုံမှ စစ်ကြောင်းထိုးတောင်ငူခရိုင် စံပယ်ကြွယ်ရွာဘက်မှ အင်အား ၃၀၀ ကျော် ရိက္ခာ ကား၇စီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ကော ကျန်တဲ့ ရွာတွေ ဘက်မှာလဲ စစ်​ကြောင်းတွေ အများကြီးပဲ။ ဇန်နဝါရီလ ၂၆ ရက်နေ့က စပြီး စစ်ကြောင်းထိုးနေတာ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာတွေလည်း ရှိတယ်” ဟု ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချင်းရူးရွာ စာသင်ကျောင်း၌ ဒေသခံ ကာကွယ်ရေး တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁၊ ၅၊ ၆ ပူးပေါင်းအဖွဲ့တို့နှင့် အကြမ်းဖက် စစ်တပ်တို့ ထိ တွေ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲ အတွင်း စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ဇန်န ဝါရီလ ၂၆ ရက်နေ့ စစ်ကြောင်းထိုးစဥ်အတွင်း အကြမ်းဖက် စစ်တပ်က ချင်းရူး ရွာသား ၃ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ၂ ဦးကို သတ်ဖြတ် ခဲ့ကြောင်း သိရှိရသည်။

“ဇရပ်ကွင်းဘက်ကို စစ်ကား၄စီး စစ်ကြောင်း အင်အား အပြည့်နဲ့ထပ်ပြီးတော့ စစ် ကြောင်း ထိုးလာနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article