29 C
Yangon

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတချို့ ပိတ်မိနေ၊ ရွဲ့ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတချို့ ပိတ်မိနေ၊ ရွဲ့ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် ခင်ဦးမြို့နယ်ရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၃၀ ခန့်က သေနတ်များ ရမ်းသမ်း ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး ပြည်သူတချို့ ကျေးရွာအတွင်း ပိတ်မိနေကြောင်း သိရသည်။

“ရွာသစ်ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်စီးတာ အလစ်အငိုက် ဝင်စီးခံရတော့ ပြည်သူ တချို့ ရွာထဲမှာ ပိတ်မိနေတယ်။ ရွာထဲက မီးခိုးတွေ ထွက်လာတာတော့ မြင်တေရတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့နေပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ရွဲ့ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ယင်းအကြမ်းဖက် စစ်ကြောင်းသည် ဝက်လက်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article