မုံရွာတွင် “အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း သပိတ်” တွင် ပါဝင်ဖို့ Stickers များကပ်၍နိုးဆော်
ရန်ကုန်၊ ဇန်နဝါရီ ၃၀
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မုံရွာမြို့ လူစည်ကားရာနေရာများ၌ “အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း သပိတ်” တွင် ပါဝင်ဖို့ Stickers များကပ်၍နိုးဆော်ခဲ့ကြသည်။
“လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် အာဏာသိမ်းတာ ၂နစ်ပြည့်ပါပြီ။ အဲဒီနေ့မှာ ပြည်သူလူထုအနေနဲ့
အ်ိမ်ထဲက အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်သပိတ်မှာ ပါဝင်ဖို့ ပြောကြားလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောဆိုသည်။



