33 C
Yangon

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ်ကို ဖျက်ဆီးရန် အတွက် ဆိုင်ကယ်နှင့် ကား လိုင်စင်များကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လာရွေးခိုင်း

Must read

မကွေးမြို့ပေါ်တွင် အသံတိတ် သပိတ်ကို ဖျက်ဆီးရန် အတွက် ဆိုင်ကယ်နှင့် ကား လိုင်စင်များကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လာရွေးခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်ကို ဖျက်ဆီးရန် ဆိုင်ကယ်နှင့်ကားလိုင်စင် များကို စစ်တပ် နှင့်ရဲများက အကြောင်းမဲ့ သိမ်းဆည်းဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ မဖြစ်မနေ လာရောက်ရွေးယူရမည်ဟု ပြောဆိုအမိန့်ပေး ခြိမ်းခြောက် နေ ကြောင်း သိရှိရ သည်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူများ အနေ ဖြင့် ဆိုင်ပိတ်စရာမလို၊ ရုံးပိတ်စရာ မလိုဘဲ အပြင်မထွက်ဘဲ တိတ် ဆိတ် ငြိမ်သက်ခြင်းဖြင့် အသံတိတ် သပိတ် ပါဝင်ဆင်နွှဲရန် နှိုးဆော်နေကြချိန် စစ်ကောင်စီတပ်က မကွေးမြို့ ပေါ်တွင် ပြည်သူများ၏ ဆိုင်ကယ်၊ ကားလိုင်စင် များကို အကြောင်းမဲ့ ဖမ်းဆီးသိမ်းဆည်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း မဖြစ်မနေ လာရောက် ရွေးယူရန် ညွှန်ကြားခြင်း ဖြစ် ကြောင်း သိရှိရသည်။

“မကွေး မြို့မဈေးနားအပါအဝင် မြို့တွင်း ၉ နေရာခွဲ၍ ယာဉ်လိုင်စင်၊ ယာဉ် မောင်း လိုင်စင်၊ ဆိုင်ကယ်လိုင်စင်တွေ သိမ်းယူနေပါတယ်။ ဆိုင်ကယ်တွေ ယာဉ် လိုင်စင်တွေ လူလိုင်စင်တွေ ကို အကြောင်းအမျိုးမျိုးပြဖမ်းထားပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကျမှ အရွေးခိုင်းပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ဖမ်းဆီးထားတဲ့ လိုင်စင်တွေကို ပြန်လာ ရွေးခိုင်းတယ်။ silent strike မှာ လူတွေအပြင်ထွက် လမ်းတွေ လူစည် အောင်လုပ်တာဗျ။ ဒီနေ့နဲ့မနက်ဖြန် စီမံချက်နဲ့ဆိုပြီးဆိုင်ကယ်တွေကို ဘာ အပြစ် မှ မရှိဘဲနဲ့ကို ဖမ်းဆီးနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြော ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မကွေးမြို့တော်ခန်းမတွင် စျေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် မဲဖောက်ပွဲကဲ့သို့ ပွဲတော် များပြုလုပ်မည်ဖြစ်ပြီး ဝန်ထမ်းများ၊ ရပ်ကွက်များမှ ပြည်သူများတက်ရောက်ရန် ဖိအားပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးမြို့ပေါ်တွင် ယာဉ်နှင့်ဆိုင်ကယ်များကို စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article