37 C
Yangon

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး၊ အလယ်ကျွန်းရွာတွင် စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့

Must read

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး၊ အလယ်ကျွန်းရွာတွင် စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၊ စေတီရပ်၊ ပေါက်ကုန်းတန်းရှိ နေအိမ်များကို စစ်တပ်က ယမန်နေ့ ထပ်မံ မီးရှို့ဖျက်ဆီးကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၃ နာရီ စတင်ကာ မိုးတားလေးကျေးရွာ စေတီရပ် ပေါက်ကုန်းတန်းရှိ နေအိမ် ၇ လုံးကို စစ်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း၊ အခြားနေအိမ်များသို့ မီးမကူးစေရန် ပြည်သူများ မီးငြိမ်းသတ်ခဲ့ရကြောင်း၊ ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင်လည်း စေတီရပ်တွင်ပင် ပြည်သူ ၂ ဦး၏ နေအိမ် ထပ်မံ မီးရှို့ခံရကြောင်း၊ လက်ရှိတွင် စစ်တပ်က မိုးတားလေးကျေးရွာတွင် ရောက်ရှိနေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၂၁ တပ်မှ တပ်သားအင်အား ၁၀၀ ကျော် ဖြင့် ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကသာခရိုင် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ သည် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး၏ ဒူးဆစ် အထက် မိုင်းစထိမှန်ဒဏ်ရာရရှိ၍ ရဟတ်ယာဉ်ဖြင့် သယ်ယူသွားကြောင်း သိရသည်။

“တိုက်ပွဲက ၂ ရက်ကြာတယ်၊ စစ်ခွေးတွေက အထိနာတော့ အလယ်ကျွန်း ရွာကို သေဆုံးစစ်ခွေး အ လောင်းတွေနဲ့ အတူမီးရှို့သွားတာ၊ ၈ ကောင်သေတယ်၊ ဗိုလ်တစ်ဦးက ဒူးဆစ်အထက်နား မိုင်းစ ထိ မှန်တာ ထုတ်မရလို့ ရဟတ်ယာဉ် နဲ့ သယ်သွားတယ်၊ နယ်မြေရှင်းလင်းရင်းနဲ့ စစ်ခွေး အလောင်း တွေ တွေ့ခဲ့ တယ်” ဟု ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အကြမ်းဖက်စစ်သားများ ဝင်ရောက်မီးရှို့ သွား ရာနေရာများကို နယ်မြေ ရှင်း လင်း ရေးလုပ်ဆောင်ခဲ့ရာ သေဆုံးစစ်သား အလောင်းများ၊ စစ်အဝတ်အစားများ၊ အသုံး အဆာင် များ တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံး၊ အထက် တန်း ကျောင်းခွဲ တစ် ကျောင်း နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ မီးလောင်ပြာ ကျခဲ့ ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article