35 C
Yangon

အရာ​တော်မြို့နယ်၊ငွေတွင်းရွာမှ ပြည်သူ ၃ ဦးကို ပျူစောထီးနှင့်စစ်သားများက ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်

Must read

အရာ​တော်မြို့နယ်၊ငွေတွင်းရွာမှ ပြည်သူ ၃ ဦးကို ပျူစောထီးနှင့်စစ်သားများက ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးနှင့်အကြမ်းဖက်စစ်သားများက ငွေတွင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး တစ်ဦးကို ညတွင်းသတ်ဖြတ်လိုက်ကြောင်း အရာတော်ပို့စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ည ၈ နာရီခန့်က ငွေတွင်းရွာသားများဖြစ်ကြသည့် ကိုဇော်နိုင်၊ ကိုကျော် မင်းစိုးနှင့် ကိုရှစ်ဗို့ တို့ ၃ ဦးကို ရွာခံပျူစောထီးများနှင့် စစ်သားများက မေးမြန်းစရာရှိသည် ဟု ဆိုကာ ဖမ်းဆီးသွားပြီး အသက် ၂၇ နှစ်အရွယ် ကိုကျော်မင်းစိုးကို နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း၊ ရွာသူရွာ သား မျာကိုလည်း ရွာပြင်ထွက်ခွင့်ပိတ်ပင်ကာ ရွာလမ်းမများပေါ်တွင် လက်နက်ကိုင်စောင့်ကြပ် လျက် ရှိကြောင်း သိရသည်။

“ဇန်နဝါရီလ ၃၀ ရက်နေ့ည ၈ နာရီလောက်က ဖမ်းသွားပြီးတော့ တစ်ညလုံးနှိပ်စက်ရင်း ဒီမနက် သေ သွားတာလို့ သိရတယ်၊ ကျန်နှစ်ဦး အခြေအနေက မသိရသေးဘူး၊သတင်းရတဲ့အချိန်တော့ ပြန် မလွှတ် သေးဘူး။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က အတည်ပြုပေးထားတာပါ၊ ဒေသခံရွာ တွေရဲ့ ဖုန်းတွေ လည်း သိမ်းသွားလို့ ဆက်သွယ်ပြီး အသေးစိတ် သိရအောင် မေးလို့မရသေးဘူး၊” ဟု အရာတော် ပို့စ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အဆိုပါငွေတွင်းရွာတွင် ပျူစောထီးခေါင်းဆောင် ကျော်ဆွေက ဦးဆောင်နေပြီး ရွာသား ပျူစောထီး ၅၀ ခန့်နှင့် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်မှ တည်စခန်းအခိုင်အမာတည်ဆောက်ကာ အထိုင်ချ တပ်စွဲ ထားကြောင်း၊ ကျေးရွာနေပြည်သူများကို မကြာခဏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လေ့ရှိကြောင် သိရသည်။

ဓါတ်ပုံ- စစ်တပ်က ပျူ​စောထီးများကို စစ်သင်တန်း​ပေး​နေစဥ်။ (ပုံအ​ဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article