35 C
Yangon

ရွှေဘိုနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံး

Must read

ရွှေဘိုနှင့် ရေစကြိုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်တွင် စစ်သားနှင့် ပျူစောထီးအဖွဲ့များ ပါဝင်သည့် စစ်ကြောင်းကို မင်းဘေးကျေးရွာနှင့် ဂျိူးမြေဇင်းရွာ အကြား တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး သေဆုံးသူများထဲတွင် ပျူစောထီး ခေါင်းဆောင်များဖြစ်သော ခိုင်ဇော်ဦး၊ မျိုးမင်းသူ၊ ထက်‌‌အောင် တို့ ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ နှင့်အတူ မဟာမိတ်ဖြစ်သော SAF မန္တလေးခရိုင် အမှတ်- ( ၄ ) တပ်ရင်း၊C&T SHWEBO LPDF အဖွဲ့၊‌ဗိုလ်ဂျပန်ကြီး(😭.T)-SHWEBO LPDF၊ တောင်သူကြီး (ပ.က.ဖ)၊ BO BA TAW LPDF အဖွဲ့ ၊ SNAKE EYES LPDF အဖွဲ့ ၊ Alpha-7 LPDF အဖွဲ့ ၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ တိုက်နယ်-၂ တော်လှန်ရေး အင်အားစုများမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ပေါက်အူရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ်တွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော အကြမ်း စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ပေါက် တော ဆိပ်ကမ်းတွင် ရိက္ခာသယ်ယူနေသော အကြမ်းဖက်စစ်သားများကို လက်လုပ် ၆၀ မမလက်နက် ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Phoenix အထူးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့( ပခုက္ကူခရိုင် တပ်ရင်း -၁၀၊ တပ်ခွဲ ၁)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူခရိုင်တပ်ရင်း ၁၀- တပ်ခွဲ – ၃) ၊ ဒေါင်းညီနောင် (မန္တလေးခရိုင် တပ် ရင်း – ၃ ၊ တပ်ခွဲ – ၃ )၊ ငဘပြောက်ကျားတပ်ဖွဲ့၊ Bright Star Group ၊ ရဲဘော်ညီနောင် ပြောက်ကျား တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း – ၅ ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်ဖွဲ့၊ ဗီုလ်ခြောက် ဆယ် ပြောက်ကျားတပ်ဖွဲ့၊ Royal Eagle ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article