34 C
Yangon

NUG အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အားလုံး အပြောနှင့် အလုပ်ညီအောင် ပြုမူကျင့်ကြံရန် ယာယီ သမ္မတ ဒူဝါလရှီးလ ညွှန်ကြား

Must read

NUG အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အားလုံး အပြောနှင့် အလုပ်ညီအောင် ပြုမူကျင့်ကြံရန် ယာယီ သမ္မတ ဒူဝါလရှီးလ ညွှန်ကြား

ရန်ကုန် ၊ ဇန်နဝါရီ ၃

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များအားလုံး အပြောနှင့် အလုပ် ညီအောင် ပြုမူကျင့်ကြံကြိုးစားကြရန် အထူးတိုက်တွန်းလိုက်ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ယခင် နှစ် ဟောင်းကဲ့သို့ အလုပ်နှင့် သက်သေပြကြရမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ညွှန်ကြားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စသည့် ဖွဲ့စည်းမှုများနှင့် စစ်အာ ဏာရှင် ဖြုတ်ချရေးကို စစ်ရေး၊ နိုင်ငံရေးတပ်ဦးမှ ဦးဆောင်လာခဲ့ကြပြီး လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြကြောင်း၊ အစုအဖွဲ့ဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင် ပတ်သက်၍ လူနှင့် မူ အံဝင်ခွင်ကျ ဖြစ်စေနှင့် လူမှန် နေရာမှန် ဖြစ်ရန် သုံးသပ်ကြရန် ပြောကြားလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ကျင်းပသော NUG အစိုးရအစည်းအဝေးတွင် ပြောဆိုသည်။

“ ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးအလုပ်များနှင့် အစိုးရအဖွဲ့လုပ်ငန်းစဉ်များ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးသည် NUG အစိုးရအဖွဲ့ခေါင်းဆောင်အားလုံး၏ စီမံခန့်ခွဲမှု အရည်အချင်းများပေါ်တွင် မူတည်ကြောင်းနှင့် ရှိထားသည့် အရင်းအမြစ်များကို တော်လှန်ရေးအရွေ့တစ်ခုဖြစ်စေရန် အလေ့အလွင့်မရှိဘဲ စီမံခန့်ခွဲနိုင်ရန်အတွက်လည်း အလွန်အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း အမှန်တကယ်လိုအပ်သည့် နေရာတွင် သုံးစွဲတတ်ရန်၊ အလေအလွင့်မရှိဘဲ သုံးစွဲနိုင်ရန်နှင့် လက်ရှိဆောင်ရွက်နေသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို တိတိကျကျ ခံယူရန် လိုအပ်ကြောင်း၊ စီမံ/ဘဏ္ဍာကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ/ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချကများကို တိတိကျကျလိုက်နာရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ကော်မရှင် ၊ ကော်မတီများအတွက် မူနှင့် လူ ကိုက်ညီခြင်း ရှိ/ မရှိ စိစစ်သုံးသပ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ညွှန်ကြားသည်။

ထို့ပြင် ပြည်သူလူထံမှ ရရှိသည့် အထွေထွေရင်းမြစ်များကို တော်လှန်ရေးအောင်မြင်ရန်အတွက် အလေအလွင့်မရှိ စနစ်တကျ စီမံကွပ်ကဲကြရန်အလွန်အရေးကြီးကြောင်း ယာယီသမ္မတဒူဝါလရှီးလက မှာကြားတိုက်တွန်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article