36 C
Yangon

ကန့်ဘလူ၊ ညောင်ကိုင်းရွာ စစ်တပ် ဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်မှုထမ်း ဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကန့်ဘလူ၊ ညောင်ကိုင်းရွာ စစ်တပ် ဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်မှုထမ်း ဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကန့်ဘလူ မြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် အထိုင်ချ ဂိတ်ဖွင့်ထားသော စစ်သားနှင့် ပျူစောထီးများကို PDF တပ်ပေါင်းစုက Drone၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် ၄ နာရီခန့် ဖြစ်ပွားပြီး ကန့်ဘလူ မဟာမိတ် PDF တပ်ပေါင်းစုများက ဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“သူတို့က အကုန်ရှောင်ထွက် ပြေးတော့ သိမ်းဆည်းမိတာမရှိဘူးလို့ပြောတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေး ပါတီကဒ်တွေ လက်ပတ်တွေ အထပ်လိုက်ရခဲ့တယ်ပြောတယ်။ စစ်ခွေးတွေဘက်က ၁ ဦးသေပြီး အများအပြားဒဏ်ရာရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြော ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းလုံးမြို့၊ ဂ ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးအဖွဲ့ဝင် စစ်မှုထမ်းဟောင်း မောင်ငွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော စစ်မှုထမ်းဟောင်း ပျူစောထီး မောင်ငွေသည် လောင်းလုံးမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများ၏ အချက်အလက်များကို စစ်တပ်ထံ ပေးပို့ခြင်း၊ လောင်းလုံးမြို့ ပျူစောထီး ခေါင်းဆောင် မင်းသိန်းနှင့် မြို့နယ်အတွင်း ကင်းလှည့်လေ့ရှိသူဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article