33 C
Yangon

ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၂၆

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ် တပ်က ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများက အသက် ၃၄ နှစ်အရွယ် ဦးမာအို၊ အသက် ၃၃ နှစ်အရွယ် ဦးသန်းထွန်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်အားမူတို့ကို ဖမ်းဆီးပြီး အင်လာကွင်း တောင်ယာတဲတွင် ညှင်းပန်းနှိပ်စက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

“အသတ်ခံရတဲ့ ကိုမားအို နဲ့ မအားမူမှာ ကလေး ၄ ဦး ကျန်ခဲ့တယ်။ နောက်တစ်ခါ အသတ်ခံရတဲ့ ကိုသန်းထွန်းမှာ ဇနီး နှင့် ကလေးသုံးယောက်ကျန်ရစ်ခဲ့ပါတယ်။”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧပြီလ ဧပြီလ ၂၃ ရက်နေ့က အသက် ၃၇ နှစ်အရွယ် ဦးမျိုး၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ရှ တို့ကို ဖမ်းဆီးနှိပ်စက်ကာ ၎င်းတို့၏ ကလေးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို Pekhon Health Community (PKHC) နှင့် ဖယ်ခုံ PDF 1002 တပ်ရင်း တို့က ကူညီကယ်ဆယ်ခဲ့ကြောင်း၊ ကျန်ရှိနေ သော မိသားစုဝင်များ၏ စိတ်ဒဏ်ရာ ပြန်လည် ကုစားမှုပေးရန် နှင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article