37 C
Yangon

ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးပြီးနောက် တော် လှန်ရေးတပ်ဖွဲ့များကို လက်ခံလျှင် ပျက်စီးမှုများ ကြုံရမည်ဟု ပြည်သူများကို​ ပြသ ခြိမ်းခြောက်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ဝင်လာလျှင်လည်းကောင်း၊ လက်ခံလျှင်လည်းကောင်း ပျက်စီးမှုများ ကြုံရမည်ဟု ပြည်သူများကို​ ပြသ ခြိမ်းခြောက်ရန် ညွှန်ကြား ထားကြောင်း သိရှိရသည်။

အဆိုပါ ညွှန်ကြားချက်ကို ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၄) တွင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ညွှန်ကြားစာကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ် ခေါင်းဆောင်လည်းဖြစ်သူ တင်ဝင်း (ခ) အဝင်းနှင့် ဒု ခေါင်းဆောင် သိန်းဝင်းတို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် ဖမ်းဆီးစဉ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်အချိန် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးများ ကျဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article