36 C
Yangon

ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်ကို ပစ်ခတ် တိုက်ခိုက်ရာ မြေပြင် မဆင်းနိုင်တော့ဘဲ လှည့်ပြန်သွား

Must read

ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်ကို ပစ်ခတ် တိုက်ခိုက်ရာ မြေပြင် မဆင်းနိုင်တော့ဘဲ လှည့်ပြန်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ ထောက် ပို့ စစ်ရဟတ်ယာဉ်တစ်စီးကို ကရင်နီဒေသကာကွယ်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်ရာ အဆိုပါ ရဟတ်ယာဉ်မှာ မြေပြင်ပင် မဆင်းသက် နိုင် တော့ဘဲ လှည့်ပြန်သွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်း ထုတ် ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင် စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော စစ်တပ်ရဟတ်ယာဉ် တစ်စီး ကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှပစ်ခတ်ခဲ့သဖြင့် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်းပြန်လှည့်ပြန်ခဲ့ရကြောင်း သိရှိရသည်။

“အရင်ကလည်း ကုန်းကြောင်းက သူတို့ ရိက္ခာပို့ဖို့ လုပ်တာ ကျနော်တို့က ဖြတ် တိုက်လိုက်တော့ သေဆုံး ထိခိုက်မှု များစွာနဲ့ မအောင်မြင်တော့ အခု ရဟတ် ယာဥ်နဲ့ ရိက္ခာပို့ဖို့လုပ်တယ်။ အဲဒါကို မြေပြင် အဖွဲ့က ပစ်ခတ်တိုက်ခိုက်တယ်။ ရဟတ်ယာဉ် ထိ၊ မထိတော့ သေချာ မသိရပေမယ့် အဲဒီရဟတ်ယာဉ်က မဆင်း သက်တော့ဘဲ ပြန်လှည့်သွားတယ်။ ရိက္ခာလည်း မချသွားဘူး” ဟု ကရင်နီစစ် ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ရဟတ်ယာဉ် ဆင်းသက်ခြင်းမပြုနိုင်စေရန် ပစ်ခတ်သည့်အတွက် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဟွေခမောက် ဝန်းကျင် တစ်ဝိုက်ကို ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ညနေ ၄ နာရီ ၃၀ မိနစ်ခန့် တွင် စစ်လေယာဉ်၂ စီးဖြင့်ပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းဖြင့် စုစု ပေါင်း ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ရိက္ခာပို့ရန်လာသော ဖားဆောင်းအခြေစိုက် ခလရ ၁၃၅ စစ်ကြောင်းကို ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်များက ကြား ဖြတ် တောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ရိက္ခာနှင့် အခြားပစ္စည်း များ ပို့ဆောင်ရန် စီစဉ်နေစဉ် ယခုကဲ့သို့ ထပ်မံပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ပို့ဖို့ ကြိုးစားနေတာက ရိက္ခာအပြင် လက်နက်ခဲယမ်းတွေလည်း ပါမှာပေါ့” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article