34 C
Yangon

ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့်လောင်းရှည်ကျေးရွာကို ယနေ့ ညပိုင်းတွင် စစ်တပ်က မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ခင်ဦးမြိုနယ်၊ လက်ပံလှကျေးရွာကို မီးရှိဖျက်ဆီးခဲ့ကြပြီး ယနေ့ ညနေပိုင်းနှင့် ပိုင်းတွင်မူ လောင်းရှည်ကျေးရွာကို မီးတင်ရှို့နေကြောင်း၊ မီးတောက်များကို အဝေးမှပင် ညအချိန် မြင်နေရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းတွင် မင်းကံကြီးကျေးရွာကို မီးရှို့ဖျက်ဆီး၍ ယနေ့တွင်မူ လောင်းရှည်ကျေးရွာ-လက်ပံလှကျေးရွာ များကို သေ နတ်များ ပစ်တ်ဖောက်၍ အကြမ်းဖက် ဝင်ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ခင်ဦးထဲမှာ လှည့်လည် မီးရှို့နေတဲ့ စစ်ကြောင်းက ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ရေဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကြောင်းပါ။ အခုထက်ထိ လှည့်လည် မီးရှို့နေပါတယ်။ ပြည်သူတွေအားလုံးက စစ်ဘေးရှောင် ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article