36 C
Yangon

ခင်ဦးမြို့နယ်၊ ညောင်ပင်စုကျေးရွာကို စစ်တပ်မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

Must read

ခင်ဦးမြို့နယ်၊ ညောင်ပင်စုကျေးရွာကို စစ်တပ်မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်တပ် က ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ပိုင်းတွင် မီးရှို့ပြီး လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံ ပြည်သူထောင်ချီထွက် ပြေးခဲ့ရ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်းကျေးရွာ၊ ရုံးစုကျေးရွာ၊ ညောင်ပင်စုကြီး ကျေးရွာ များ ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သော မော်လိုက် အခြေ စိုက် ခမရ ၃၆၄ တပ် နှင့် မှော်ဘီအခြေစိုက် ခလရ ၇၀၁ တပ်သားများ သည် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီခန့်တွင် ညောင်ပင်စုကြီးကျေးရွာကို ထပ်မံ မီးရှို့ ပြီး ရေဦး-ညောင်ပင်သာ ကားလမ်းဘေး သက်ပေးရွာနှင့် မူးသာရွာကြား ရှေ့ ပြေး ကင်း ထောက်ပုံစံထွက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်း သမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“သက်ပေးရွာဘက်ကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ပြီး ဝင်နေတာ၊ လက် ရှိ အချိန်အထိတော့ ဝရုန်း သုံးကားနဲ့ ထွက်ပြေးနေကြရတယ်၊ လက်နက် ကြီး ထိ ထားတဲ့ပြည်သူတွေရှိတယ်လို့တော့ ကြားပေမယ့် အတည်ပြုလို့ မရ သေး ဘူး၊ကားလမ်းဘေးရှိကျေးရွာတွေ အကုန်ထွက်ပြေးနေကြရတယ်၊ စစ်ခွေး တွေ က စစ်ဘေးရှောင်တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့လည်း ထုနေ တယ်” ဟု People’s Defense Comrade အဖွဲ့မှ အမေ့သားက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေး ရွာ ကို လှည့်ပတ်မီးရှို့ နေသော အကြမ်းဖက်စစ်သားများ၏ မီးရှို့ ဖျက် ဆီးမှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ညောင်ပင်စုကြီး ကျေး ရွာ၊ ရုံးစုကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ကျွန်းဆွယ်ကျေး ရွာ တို့နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ သရက်ပင်ဝန်းကျေးရွာ၊ စိုင်တိုးကျေး ရွာ စ သည့် ရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူ သောင်း ချီ ထွက်ပြေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article