33 C
Yangon

စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေပြီး ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ

Must read

စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေပြီး ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ကြောင့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့် ဖြိုး ဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး တပ်တွင်း ပုန် ကန်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။

စစ်တပ်က ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်ကို စအရ ၉၀၄ တပ် တွင်လည်းကောင်း၊ ဗိုလ်မှူး သန်းနိုင်အေးကို မဆရ ၅ တပ်တွင်လည်းကောင်း၊ ဗိုလ်မှူးနိုင်နိုင်ဇော်ကို ခမရ ၁၀၂ တပ်တွင်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်းတာဝန်ကျနေသည့် ခမရ ၄၀၃ တပ် သည် စစ်သားအများအပြား ထွက် ပြေးခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

“ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးမောင် စစ်ဦးစီးတက္ကသိုလ် တက်နေတဲ့အချိန်မှာ သူ့တပ် ခမရ ၄၀၃ ကနေ တပ်သား ၂၁ ယောက် ထွက်ပြေးခဲ့တယ်” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည် သာဖြိုးတို့က KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့် တပ်တွင်း ပုန်ကန်မှု ပြု လုပ်သည်ဟုဆိုကာ အဆိုပါ အရာရှိ ၃ ဦးလုံးကို စစ်တပ်က ဖမ်းဆီး အရေး ယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။

(Facebook ၏ လူမှုကွန်ရက် စည်းမျဉ်းများအရ ကိုယ်ပိုင်အမှတ်ကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိဘဲ မူရင်း ကြေး နန်းစာကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/99875 တွင် သွားရောက် ကြည့်ရှုနိုင်ပါ သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article