34 C
Yangon

တောင်ဥက္ကလာရဲစခန်းအနီးတွင် ပေါက်ကွဲသံကဲ့သို့ အသံနှင့်အတူ အငှားယာဉ် ၁ စီး မီးလောင် ပြီး ကားပေါ်ပါ လူ ၂ ဦးသေဆုံး

Must read

တောင်ဥက္ကလာရဲစခန်းအနီးတွင် ပေါက်ကွဲသံကဲ့သို့ အသံနှင့်အတူ အငှားယာဉ် ၁ စီး မီးလောင် ပြီး ကားပေါ်ပါ လူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ယနေ့ညပိုင်း ပေါက်ကွဲ သံကဲ့သို့သော အသံနှင့်အတူ ကားမီး လောင် ပြီး ကားပေါ်ပါ လူ ၂ ဦးသေ ဆုံး ကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် CNG အငှားယဉ်သည် ပေါက် ကွဲသံနှင့်အတူ မီးလောင်ပြီး ကားပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်ဟု ယူဆရသူ ၁ ဦး သေဆုံး ကြောင်း သိရှိရသည်။

“ပေါက်ကွဲပြီး မီးလောင်တယ်။ ကားပေါ်ပါတဲ့ လူ ၂ ဦးသေတယ်။ သိရတာ က တော့ CNG ကွဲသလို ဗုံးကွဲသလိုလို ဖြစ်ပြီး ပေါက်ကွဲတာ။ ကားက မင်္ဂလာ တောင် ညွန့်ကကား။ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်း နဲ့ ဘုရားလမ်း ထောင့် မီးပွိုင့်အနီး အမှတ်၁၇ ရဲခွေးစခန်းနားက ပိုးထည်ဆိုင် အရှေ့ တည့် တည့် မှာဖြစ်တာပါ။ ကားမီးလောင်ပြီး အသံအကျယ်ကြီး ၃ ကြိမ်ကွဲတယ်။ ပေါက်ကွဲသံက စက္ကန့်ပိုင်းလေးပဲ ခြားတယ်။ ကားက ဖီဒါ ခဲရောင် EE/9107ပါ။ ကားထဲမှာ လူသေတာ၂ယောက်တော့ သေချာတယ်” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

တောင်ဥက္ကလာရဲသတင်းရင်းမြစ်ကလည်း လူ ၂ ဦး သေဆုံးကြောင်း အတည် ပြုပြီး ကားပေါက်ကွဲမှုအကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article