36 C
Yangon

တံတာဦးလေတပ်ကို လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ထိခိုက်မှု အခြေအနေ မသိရသေး

Must read

တံတာဦးလေတပ်ကို လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ထိခိုက်မှု အခြေအနေ မသိရသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်း၊ တံတားဦးလေတပ်ကို ယမန်နေ့ ညပိုင်း လက် နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီအချိန် တံတားဦးလေတပ်ထဲသို့ ၉၀ မမ ၄ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကြီး ၄ လုံး တံတားဦးလေတပ်အတွင်းသို့ ရောက်ရှိအောင် ပစ်ခတ်ခဲ့ကြောင်း၊ လေတပ်အတွင်း ပျက်စီးထိခိုက်မှု အခြေအနေများကို မသိရသေးဘဲ ပစ်ခတ်ခဲ့သည့် တော်လှန် ရေးအဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

တံတားဦးလေတပ်စခန်းမှ သတင်းရင်းမြစ်ကမူ လေတပ်စခန်းကို ယမန်နေ့ည ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု မှန်ကန်ကြောင်း ပြောဆိုပြီး ထိခိုက်မှု အသေးစိတ်အခြေအနေနှင့်ပတ်သက်၍ မသိရသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဘက်သို့ တိုက်လေယာဉ်များဖြင့် အဓိက ဗုံးကျဲနေသော လေတပ်တစ်ခုဖြစ်ပြီး ဖားကန့်တွင် လူပေါင်း ၁၀၀ နီးပါး သေဆုံးစေခဲ့သော တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကို လုပ်ဆောင်ခဲ့သော စစ်ကောင်စီ၏ လေတပ်တပ်ရင်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ- လေတပ်နှစ်ပတ်လည်ပွဲတွင် တိုက်လေယာဉ်တွေကို လိုက်ကြည့်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article