36 C
Yangon

နေပြည်တော်မှာ နတ်ကန်တော့ပွဲနဲ့ ယတြာချေတာတွေ တောက်လျှောက် လုပ်နေရပြီး တောင်ပိုင် ဘိုးဘိုးကြီး၊ မြင်းဖြူရှင် ၊ တောင်ပိုင်အမေမယ်ညို၊ လွှတ် တော်စောင့်နတ်၊ လူကြီးအိမ်စောင့်နတ်များကို ပွဲပေး အပ်နှံပွဲတွေ ဆက်တိုက်လုပ်

Must read

နေပြည်တော်မှာ နတ်ကန်တော့ပွဲနဲ့ ယတြာချေတာတွေ တောက်လျှောက် လုပ်နေရပြီး တောင်ပိုင် ဘိုးဘိုးကြီး၊ မြင်းဖြူရှင် ၊ တောင်ပိုင်အမေမယ်ညို၊ လွှတ် တော်စောင့်နတ်၊ လူကြီးအိမ်စောင့်နတ်များကို ပွဲပေး အပ်နှံပွဲတွေ ဆက်တိုက်လုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

နေပြည်တော်မှာ ဒေသဆိုင်ရာ စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ နတ်ကန် တော့ပွဲနဲ့ ယတြာချေတာတွေ တောက် လျှောက် လုပ်နေရပြီး တောင်ပိုင် ဘိုးဘိုးကြီး၊ မြင်းဖြူရှင် ဘိုးဘိုးကြီး ၊ တောင်ပိုင်အမေမယ်ညိုတို့ထံမှာ အသက်ခန္ဓာပေး အပ်နှံပွဲတွေ၊ စောင့်ရှောက်ပေးဖို့ တောင်းပန်ပွဲပေးတာတွေ လုပ်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်တစ်ဝန်းလုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်စေဖို့ ဝန်ကြီးဌာနရုံးတွေကို တောင်ပိုင်၊ဒေသပိုင် နတ်တွေက စောင့် ရှောက်ဖို့၊ ဌာနဆိုင်ရာ စစ်ဘက် အရပ်ဘက် ဝန်ထမ်းတွေကို ဘေးမသီ ရန်မအောင် စောင့်ရှောက်ပေးဖို့ တောင်ပိုင်၊ ဒေသပိုင် နတ်တွေ ကို ကန်တော့ပွဲပေးပြီး ယတြာတွေ ချေဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နေပြည်တော်တစ်ဝန်း တောင်ပိုင် ဘိုးဘိုးကြီး၊ မြင်းဖြူရှင် ၊ တောင်ပိုင်အမေမယ်ညို၊ ဘိုးမင်းခေါင် ပွဲပေး အပ်နှံပွဲ ၊ အပြင် အောင်ခြင်း(၈)ပါး၊ အတွင်း အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ် ရွတ်ဖတ်ခြင်းများ လုပ်ဆောင်ခဲ့ရပြီး ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိပါ နတ်ကန်တော့ပွဲများ၊ တောင်ပိုင် ဒေသပိုင်နတ် ကန်တော့ပွဲများ ဆက်လက် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

“ဇဗ္ဗူသီရီ မြို့နယ် ရွှေကြာပင် ဘုန်းကြီးကျောင်း မှာ နတ်ကန်တော့ပွဲတွေ လုပ်နေတယ်။ ၃၇ မင်း၊ တောစောင့်နတ် တောင်စောင့် နတ် ၊ ဘုရားစောင့် နတ်တွေကို ကန်တော့တယ်။ လွှတ်တော်စောင့်နတ်၊ လူကြီးအိမ်စောင့်နတ်တွေကိုပါ ကန်တော့တယ်။ ယတြာချေတာတွေလည်း တောက်လျှောက်လုပ်နေကြတယ်။ အများဆုံးက ကတော်တွေ ယတြာပေါင်းစုံပဲ လုပ်နေကြတာ။ တိုင်းရေးပြည်ရာ သူတို့လည်း ကြောက်နေကြပြီ’ လို့ နေပြည်တော်စစ်ဘက်အသိုင်းအ၀ိုင်းက ပြောပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မာရဝိဇယ ရုပ်ပွားတော် တည်ထားချိန်မှာ အာဏာတည်မြဲရေးနဲ့ သူ့မိသားစု အသိုင်းအ၀ိုင်းကို စောင့်ရှောက်ရေး ယတြာ အစီအမံတွေ ထည့်သွင်း လုပ်ဆောင်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၁ ရက်နေ့ နေပြည်တော်တစ်ဝန်းတွင် ဒေသစစ်ကောင်စီဝင်များက တောင်ပိုင်၊ တောပိုင်များကို အပ်နှံပွဲနှင့် ယတြာချေပွဲများ လုပ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article