36 C
Yangon

နေပြည်တော်၊ တံတားဦးနှင့်ပုသိမ်လေတပ်မှ တိုက်လေယာဉ်များ ပျံတက်သွား

Must read

နေပြည်တော်၊ တံတားဦးနှင့်ပုသိမ်လေတပ်မှ တိုက်လေယာဉ်များ ပျံတက်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်း၊ နေပြည်တော် အေလာ လေဆိပ်၊ တံတားဦးလေတပ်နှင့် ဧရာ၀တီတိုင်း၊ ပုသိမ်လေတပ်မှ တိုက်လေယာဉ်များ ယခုညပိုင်းတွင် ပျံတက်နေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှ ယနေ့ ည ၁၀ နာရီ ၃ မိနစ် ဝန်းကျင်တွင် တိုက်လေယာဉ် ၃ စီး ရှေ့ဆင့် နောက်ဆင့် ပျံတက်သွားကြောင်း၊ အလားတူ ပုသိမ်လေတပ်မှ ယနေ့ည ၉ နာရီ ၂၅ မိနစ်အချိန်တိုက်လေယာဉ် ၁ စီး ပျံတက်သွားခဲ့ကြောင်း၊ ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် နေပြည်တော် အေလာလေဆိပ်မှလည်း တိုက်လေယာဉ် ၁ စီးပျံတက်သွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကရင်၊ ကချင်၊ ချင်း၊ ကရင်နီဒေသများကို အထူးစစ်ဆင်ရေးဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article