36 C
Yangon

ဖယ်ခုံ၊ ကယန်း ကျေးရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ၊ KNU တပ်မဟာ ၆ နယ်မြေ ထီးကပလယ်ရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲမှု ခရစ်ယာန်ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီး

Must read

ဖယ်ခုံ၊ ကယန်း ကျေးရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ၊ KNU တပ်မဟာ ၆ နယ်မြေ ထီးကပလယ်ရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲမှု ခရစ်ယာန်ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း ကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် နေပြည်တော် လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၁ စီးက ဖယ်ခုံမြို့နယ် အနောက်ကယန်းအုပ်စုကျေးရွာ အနီး တစ်ဝိုက်ကို ပေါင် ၅၀၀ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်သူ မရှိ သော်လည်း အဆောက်အဦး ၁ လုံး၊ ၃ ခန်းတွဲအိမ်သာ ၁ လုံးနှင့် ရေလှောင်ကန် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ထီးကပလယ်ရွာ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနှင့်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကျဲချခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article