36 C
Yangon

မင်းတုန်းတွင် စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး၊ လောင်းလုံးတွင် ပျူစာထီးဟု သတ်မှတ်ခံထားရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

Must read

မင်းတုန်းတွင် စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး၊ လောင်းလုံးတွင် ပျူစာထီးဟု သတ်မှတ်ခံထားရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Swallow PDF-Magway အဖွဲ့မှ ဗိုလ်နွေဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မင်းတုန်းမြို့နယ် ပြောင်ကျေးရွာနှင့် သီးပင်ကုန်းကျေးရွာအကြားတွင် တပ်စွဲထားသော စစ်သား ၂ ဦးသည် ဆိုင်ကယ်စီးလာစဥ် swallow PDF-Magway အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံးသေဆုံးကာ ဖုန်း ၂ လုံးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သေတာက ၂ ဦးလုံးသေတယ်။ စစ်ခွေးတွေရဲ့ ဖုန်း ၂ လုံးကို ရဲဘော်တွေ သိမ်းဆည်းနိုင်ခဲ့တယ်။ ဖုန်း တစ်လုံးကတော့ ကျည်ဖောက်ဝင်သွားတယ်။ စစ်ခွေး အလောင်းတွေကို ညတွင်းချင်း မင်းတုန်းမြို့ ယူသွားတယ်” ဟု ဗိုလ်နွေဦးကပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးဟု သတ်မှတ်ခံထားရသူ ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် သားလေး ဆိုသူကို LLPDF က ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစ​ောထီးအဖွဲ့ဝင် သားလေးသည် စစ်တပ်က ဖမ်းဆီးရမိသော ပြည်သူများ၏ ဆိုင်ကယ်များကို ရောင်းချပေးခြင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်သားများနှင့် သွားလာနေထိုင်သူဖြစ်ပြီး ကျေးရွာမှ ခေတ္တရှောင်ပြေးသွားကာ လောင်းလုံး ပကဖ ကရှာဖွေ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- မင်းတုန်းမြို့နယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စစ်သား ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article