36 C
Yangon

မိုးဗြဲတွင် စစ်သား ၂ ဦး လက်နက်မဲ့ CDM ပြုလုပ်၊ ဟားခါးတွင် ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်ခဲ့ပြီး ငွေကျပ် သိန်း ၃၀ ချီးမြှင့်

Must read

မိုးဗြဲတွင် စစ်သား ၂ ဦး လက်နက်မဲ့ CDM ပြုလုပ်၊ ဟားခါးတွင် ရဲတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်ခဲ့ပြီး ငွေကျပ် သိန်း ၃၀ ချီးမြှင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကယားပြည်နယ်၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်

MBPDF (1001) တပ်ရင်းကို အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး လက်နက်မဲ့ CDM ပြုလုပ်လာကြောင်း MBPDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖယ်ခုံမြို့ အခြေစိုက်၊ ခမရ ၃၃၆ မှ တပ်သား မောင်ကျော်ထက်နှင့် ဖေဖော်ဝါရီလ ၂၅ က်နေ့တွင် ရွှေညောင် အခြေစိုက်၊ ထပရ ၂၂၂ မှ တပ်သား မောင်အောင်နိုင်ဦးတို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ 1001 တပ်ရင်း ပြောက်ကျားတပ်ခွဲနှင့် ချိတ်ဆက်ကာ လက်နက်မဲ့ CDM ပြုလုပ်လာကြောင်း သိရသည်။

ထိုသို့ CDM ပြုလုပ်ရခြင်းသည် စစ်တပ်အတွင်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်ခံရခြင်း၊ ရှေ့တန်းတွင် အစာရေစာလုံလောက်စွာ မပေးခြင်း၊ လစာခံစားခွင့်များကို အထက်က သိမ်းယူခြင်း၊ မိသားစုကို‌တွေ့ ခွင့်မရှိခြင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည်ဆိုသောအဓိဌာန်ကို ဆန့်ကျင်ကာ ပြည်သူများအားရက်ရက်စက်စက် သတ်ဖြတ်ရန် ဖိအား‌ပေးခံရခြင်း၊ ပြည်သူပိုင် နေအိမ်များကို အတင်းမီးရှို့ ဖျက်ဆီးစေခိုင်းမှုတို့ကို မပြုလုပ်လိုသောကြောင့် CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ယင်း စစ်သား ၂ ဦးကပြောဆိုကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF 1001 တပ်ရင်း ကထုတ်ပြန်ထားသည်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ရဲစခန်း တစ်ခုမှ ရဲတပ်ကြပ် ၁ ဦး G3 သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်လာကြောင်း CDF-Hakha တပ်ဖွဲ့ထံက သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း CDF-Hakha တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ဟားခါးမြို့နယ် အခြေစိုက် ရဲစခန်း တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ် ၁ ဦးသည် G3 သေနတ်တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆံအနည်းနှင့်အတူ CDM ပြုလုပ်လာကာ CDF-Hakha တပ်ဖွဲ့မှ သိန်း ၃၀ ဆုချီးမြှင့်ပြီးနောက် လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article