33 C
Yangon

စစ်အုပ်ချုပ်ရေး ကြေညာထားသော ပေါက်မြို့နယ်တွင် စစ်တပ်ထောက်ပို့ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးနိုင်

Must read

စစ်အုပ်ချုပ်ရေး ကြေညာထားသော ပေါက်မြို့နယ်တွင် စစ်တပ်ထောက်ပို့ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ် ထောက်ပို့ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးနိုင်ကြောင်း မြိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(မြိုင်ပကဖ)မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမြေမှ ပြန်လာသော စစ်တပ်ထောက်ပို့စစ်ကြောင်းကို Well 2 ရေနံမြေအကျော် တနေရာတွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ) ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ က ချောင်းမြောင်းပစ်ခက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း၊ ယင်းနောက် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း ဗိုလ်လင်္ကျာက ပြောဆိုသည်။

မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ မြိုင်နှင့် ပေါက်မြို့နယ် ၅ မြို့နယ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ စစ်အုပ်ချုပ်ရေး ကြေညာထားပြီးနောက် စစ်ကောင်စီတပ်များကို PDF တပ်များက ဆက်တိုက် တိုက်ခိုက်မှုများ ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article