ကနီမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အကြို အခမ်းအနားနှင့် စစ်အာဏာရှင်ပြုတ်ကျရေးသပိတ်ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်ပြီး နယ်မြေ မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အကြို
အခမ်းအနားနှင့် စစ်အာဏာရှင်ဆန်ကျင်ရေး တော်လှန် သပိတ်ကို ယနေ့ ဖေဖောဝါရီ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ကနီသပိတ်အင်အားစု ရဲဘော်များမှ တော်လှန်ရေးတေးသီချင်း အကများဖြင့် ပြည်သူများကို ကပြစည်းရုံးလှုံ့ဆော်ရင်း “ငါတို့သည် ဗိုလ်ချုပ်အောင်ဆန်းများ” ဘန်နာ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိ
ကြောင်း ဆန္ဒပြခဲ့ကြသည်။



