34 C
Yangon

နွားထိုးကြီးမြို့အထွက်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ရေနံချောင်းမြို့ ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်

Must read

နွားထိုးကြီးမြို့အထွက်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ ရေနံချောင်းမြို့ ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့အထွက် ဆိုင်းဘုတ်အနီးတွင် ကင်းလှည့် ထွက်လာ သော အကြမ်းဖက်စစ်ကား အသေးတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီခန့်က 4 Wheel ကားအစိမ်းရောင်ဖြင့် အကြမ်းဖက်စစ် သား ၈ ဦးခန့်လိုက်ပါလာသော ကားကို နွားထိုးကြီးမြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးမသေမရှင်ဖြစ်သွားကြောင်း သိရသည်။

“မြို့အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ ဆွဲခဲ့တာ၊ ကားက ထိုးရပ်သွားတာ၊ ၃ ချက်လောက်တော့ ရမ်းသမ်းပစ်တာရှိတယ်၊ မိုင်းဆွဲပြီးတော့ မြို့ထဲက စစ်ခွေးတွေရောက်လာပြီးတော့ သေဆုံးသွားတဲ့ စစ်ခွေးတွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို သယ်သွားတာ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ဘေး အန္တရာယ် ကင်းပါတယ်” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့ရှောင်လမ်းရှိ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရေနံချောင်းမြို့ရှောင်လမ်းပေါ်ရှိ ယာပြင် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ ရေနံချောင်း တပ်ခွဲ (PDF -yenangyaung) နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People’s Defense Force (ဖေကံကောင်းအဖွဲ့) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article