36 C
Yangon

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကင်းလှည့်ထွက်လာသော ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး၊ အများအပြားဒဏ်ရာရရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်‌ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

တန့်ဆည်မြို့နယ် မူးခွရွာ ပျူစောထီးစခန်းမှ ဖက်သန်းကုန်းရွာ အရှေ့တောင်ဘက်သို့ ကင်းလှည့်ထွက်လာသော ပျူစောထီးများကို ဖေဖော်ဝါရီ၁၀ ရက်နေ့ ည ၁၀ နာရီ ၁၀မိနစ်အချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ညမှောင်ထဲမှာ ပျူ၁၅ကောင်လောက် ကင်းလှည့်ထွက်လာတာကို စောင့်ပစ်တာ ၂ကောင်သေတယ်။ အဲ့နောက် ပြန်ပြေးတဲ့အချိန် မိုင်းထပ်ဆွဲပြီး မိုင်တဲမမနဲ့ ပစ်တာလည်း ထိခိုက်မှုရှိတယ်။ ညအမှောင်ထဲဆို‌ တော့ သိပ်မသဲကွဲဘူးလေ။ အကုန်ပြန်ပြေးကြတာ”ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြောက်ပိုင်းပကဖ)၊ ရွှေဘိုခရိုင် တပ်ရင်း(၈) K.P.Kနှင့် PLAတို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article