ပုလဲမြို့နယ် ပြည်သူများ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ပုလဲမြို့နယ် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတည်ဆောက်ကြ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။