ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်ကွက်ရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့၊အမှတ် ၄ ၊ ဖောင်တော်ဦးရပ်ကွက်ရှိ အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ငြိမ်းဇာနည်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၅ နာရီခန့်က အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်ဖြင့်တပ်စွဲ ထားသော အဆိုပါစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးပြီး စက်ကလေးသမားတစ်ဦးတည်း ကျန်ရှိနေချိန် စခန်းသိမ်းပိုက်ခါနီးမှ စစ်ကူအင် အားအများအပြားရောက်ရှိလာသဖြင့် အရေးပေါ်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ကျနော်တို့ စခန်းကို သိမ်းနိုင်တော့မှာ၊ စက်လက်သမားတစ်ယောက်တည်းပဲကျန်တာ၊ ဒီကောင်တွေ တက်လာမယ့်လမ်းကြောင်းတွေ အကုန်လုံးကို မိုင်းတွေခင်းတယ်၊မိုင်းခွဲတယ်၊ လာဖို့တစ်လမ်းပဲကျန် တော့တယ်၊ အဲဒီလမ်းကနေ လာတဲ့အချိန်မှာ ကျနော်တို့မိုင်းခွဲမယ်လုပ်တော့ ပြည်သူတွေက ကျနော်တို့ ကို ထွက်ကြည့်တယ်၊ ပြည်သူတွေရှိလို့ မိုင်းမခွဲခဲ့ရတာ၊ ကျနော်တို့က မသိလိုက်ဘူး၊ ကျနော်တို့နောက် ကနေ စတင်းဂန်းနဲ့တည်ဆွဲနေတာ၊ ဘယ်သူလဲလို့ပြန်ကြည့်လိုက်တော့ ကိုယ့်လူမဟုတ်ပဲခွေးဖြစ်နေတာ၊ အဲဒါနဲ့အရေးပေါ်ဆုတ်လာခဲ့ရတာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုတွင်း ရေစကြို မြို့မရဲစခန်း၊ ရုံးပေါင်းစုံနေရာတို့တွင် တပ်စွဲထားသော စစ်သားများမှ စစ်ကူဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရ စစ်သားများကို ဖြူစင်ပရဟိတ အသင်းမှ ကားဖြင့် ၃ ကြိမ် တိုင်တိုင် သယ်ဆောင်သွားကြောင်းသည်ကို မျက်မြင်တွေ့ရှိချက်များအရ အတည်ပြုနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
“ခွေးတစ် ယောက်တည်းကျန်တော့တဲ့အချိန် ပြန်ပြီးပြေးခဲ့တာ ရင်နာစရာကောင်းပါတယ်၊ ပြည်သူတွေက ထွက် ကြည့်လိုက်တဲ့အတွက် မိုင်းခွဲမရတော့ဘူး ၊ မိုင်းတွေလည်း ပြန်ဖြုတ်ယူဖို့တောင် အချိန်မရတဲ့အခြေအနေဖြစ် သွားခဲ့တယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော မုံရွာခရိုင် တပ်ရင်း(၁၂)တပ်ခွဲ (၄)မီးတောက်တပ်ခွဲ ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ Banana UG ၊ ခွပ် ဒေါင်းနီ ပြောက်ကြားတပ်၊ VOMDY- front warrior စသည့် ညီနောင်မဟာမိတ် အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် အကြမ်းဖက်စစ်သားများမှ ချင်းတွင်းအတွင်းအထိ လိုက်လံတိုက်ခိုက်ခဲ့ရာ ထပ်မံတိုက်ပွဲဖြစ်ခဲ့သေးကြောင်း သိရသည်။