33 C
Yangon

စစ်ကောင်စီတပ်သား ၇၀၀၀ နီးပါး သေဆုံးသော KNU သတင်းထုတ်ပြန်မှုကို စစ်တပ်၏ ထိပ်တန်းလျှို့ဝှက်ချက်များက အတည်ပြု

Must read

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်ရင်း တစ်ခု၏ ရှေ့တန်းထွက်အင်အား ၅၀ ကျော် သာရှိပြီး စစ်ကောင်စီ အလွန်အင်အားနည်းနေပြီဟု စစ်တပ်လျှို့ဝှက်ချက်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင် ပြော

———————————————————————

▪️ စစ်ကောင်စီတပ်သား ၇၀၀၀ နီးပါး သေဆုံးသော KNU သတင်းထုတ်ပြန်မှုကို စစ်တပ်၏ ထိပ်တန်းလျှို့ဝှက်ချက်များက အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကို လုံခြုံရေး ဆောင်ရွက်နေသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း တစ်ခု၏ ရှေ့တန်းထွက်အင်အားမှာ စစ်သား ၅၀ ကျော် သာရှိပြီး စစ်ကောင်စီတပ်တွင် အင်အားအလွန်နည်းနေပြီဟု ပေါက်ကြားလာသော အချက်အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရှေ့တန်း တပ်များ၏ အင်အားနှင့် တပ်လှုပ် တပ်တည် အင်အားပြ စာများ ပေါက်ကြားနေပြီး ယင်းအချက်အလက်များကို စစ်ဆေးရာတွင် စစ်မှန်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအင်အားပြ ဇယားများအရ စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် သေဆုံးမှုများ ပြားပြီး အင်အား အလွန်လျော့နည်းသွားပြီကို သိသာ ထင်သာမြင်သာစေကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။

အာဏာသိမ်းမှုမတိုင်ခင်က တပ်ရင်းများ၏ ရှေ့တန်းထွက် အင်အားသည် တပ်ရင်းတစ်ခုလျှင် အင်အား ၁၀၀ ကျော် ရှိပြီး လက်ရှိတွင် တပ်ရင်းတစ်ခု၏ ရှေ့တန်းထွက်အင်အားသည် အင်အား ၅၀ ကျော်၊ ၆၀ ကျော်သာရှိတော့သည်ဟု ၎င်းက ပြောသည်။

“တပ်ရင်း တစ်ရင်းလုံး ရှေ့တန်းထွက်အင်အားက ၆၀ ကျော် ၅၀ ကျော်ပဲရှိတော့တယ်။ အင်အားက လုံး၀ နည်းနေတာ။ တပ်ရင်းတစ်ရင်းလုံးရဲ့ ရှေ့တန်း ထွက်အင်အားက ၆၀ ကျော်၊ ၅၀ ကျော် အဲဒီလောက်ပဲရှိတယ်။ အရင်တုန်းက ဆိုရင်တော့ အာဏာမသိမ်းခင် အခြေအနေတစ်ခုမှာ စစ်တပ်ရဲ့ ရှေ့တန်းထွက် အင်အားက စာရွက်ပေါ်မှာတောင် ၁၀၀ ကျော်ရှိတဲ့ အင်အားက အဲဒါကို အခုအချိန်မှာ စာရွက်ပေါ်မှာ ရှိတဲ့ အင်အားတောင်မှ ၅၀ ကျော်၊ ၆၀ ကျော် ပဲရှိတာကို ကြည့်ရင် ဘယ်လောက်တောင် လျှော့နည်းသွားလဲဆိုတာကို ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ သိဖို့လိုတယ်။ စစ်တပ်အင်အားသည် နည်းနေတယ်ဆိုတာ သိဖို့လိုတယ်။ သေချာတာကတော့ ရှေ့တန်းကို ဖြန့် ခွဲနိုင်တဲ့ အင်အားက လုံး၀ကို နည်းနေတာ သေချာပါတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပေါက်ကြားလာသော အချက်အလက်များ က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာ သိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်ချက်ကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်း ပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article