“စစ်အာဏာသိမ်းမှုဟာ အစကတည်းက တရားမဝင်ဘူး။ စစ်တပ်က ပြုလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲ ဟာဆိုရင် ရွေးကောက်ပွဲလို့ တောင်မခေါ် ထိုက်တဲ့အပြင် တရားဝင်မှုလည်းရှိမှာမဟုတ်ပါဘူး။”
International IDEA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Marcus Brand နှင့်တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
ဒီမိုကရေစီအစိုးရ လက်ထက်မှာ မဲဆန္ဒရှင်ပေါင်း ၂၇သန်းကျော် မဲပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရား မဝင်ဘူးဆိုပြီး ပယ်ဖျက်ကာအာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲ တွေနဲ့မတူဘဲ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ်လို့ ဆိုထားတာကြောင့် သူတို့အာဏာ တည်မြဲရေး အတွက်လုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲဟာ တရားဝင်သလား။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု တဲ့စနစ် ဖြစ်နိုင်ပါ့မလား။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံဘဲ ငြင်းပယ်ခဲ့တာကို နိုင်ငံတကာ ကရော ဘယ်လိုနားလည် လက်ခံထားသလဲ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရှင်သန်ရေး အကူအညီပေးနေ တာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လွှတ်တော်ဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ကူညီပံ့ပိုး နေတဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ International IDEA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Marcus Brand နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။