34 C
Yangon

ရနောင်းနှင့် ပရာကျွတ်မြို့ တွင် PDFနှင့်တော်လှန်ရေး ထောက်ပို့ လုပ်သည်ဟုဆိုကာ မြန်မာများကို ထိုင်းရဲနှင့်စစ်တပ်က ဖမ်းဆီး ငွေညှစ်မှုများ ရှိနေ

Must read

ရနောင်းနှင့် ပရာကျွတ်မြို့ တွင် PDFနှင့်တော်လှန်ရေး ထောက်ပို့ လုပ်သည်ဟုဆိုကာ မြန်မာများကို ထိုင်းရဲနှင့်စစ်တပ်က ဖမ်းဆီး ငွေညှစ်မှုများ ရှိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ထိုင်းနိုင်ငံ၊ ရနောင်းနှင့် ပရာကျွတ်မြို့တို့တွင် နွေဦးတော်လှန်ရေးနှင့် PDF ထောက် ပို့လုပ်နေသည် ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားများကို ထိုင်းရဲနှင့် စစ်တပ်က ဖမ်းဆီးငွေညှစ်မှုများရှိနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၅ရက်နေ့က မြန်မာနိုင်ငံသား ၇ ဦးထက်မနည်း ရနောင်းနှင့် ပရာကျွတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့၏ ဖုန်းများမှတစ်ဆင့် ခြေရာခံကာ ထိုင်းနိုင်ငံတွင်း ရှိသည့် တခြားမြန်မာနိုင်ငံသားများပါ ရက်ဆက်အဖမ်းခံခဲ့ရသည်ဟု ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောသည်။

“ပရာကျွတ်မှာမိတဲ့သူတွေကို ထိုင်းဘတ်ငွေ ၅ သိန်းနဲ့ လာထုတ်ခိုင်းတယ်။ တချို့ကိုတော့ သုံးသောင်းနဲ့ ငါးသောင်း(ဘတ်)ကြားပေးခိုင်းတယ်။ ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တာ တစ်ခုခုတွေ့လို့ရှိရင် ပိုက်ဆံ‌နဲ့လာထုတ်ခိုင်းတယ်။ ဘာမှမတွေ့တဲ့သူကိုကျ ဒီတိုင်းလွှတ်ပေးတယ်”ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းများကို ထိုင်းနိုင်ငံအတွင်းရှိ နယ်မြေလုံခြုံရေးအဖွဲ့၊ နယ်စပ်ဒေသစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့နှင့် ထိုင်းစစ်တပ်က ပူးပေါင်းလုပ် ဆောင်ခြင်း ဖြစ်ပြီး ဖမ်းဆီးခဲ့ရသူများကို ရနောင်းမြို့ရှိ မူးယစ်ဌာနနှင့် ထိုင်းစစ်တပ်ဘက်က ဌာနများတွင် ထိန်းသိမ်းခံထားရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဘက်ကနေ ဝရမ်းထုတ်ထားသည့် စာရင်းများကို ထိုင်းစစ်တပ်ဆီ လွှဲပြောင်းပေးထားခြင်းဖြစ်ပြီး အဆိုပါဒီစာရင်းနှင့် တိုက်စစ်၊ ဖမ်းဆီးခံနေရသူများလည်း ရှိသည်ဟု ပြောဆိုသော်လည်း ဝရမ်းထုတ်ခံထားရသူ ဘယ်နှစ်ဦးဖမ်းဆီးခံထားရသည် ဆိုတာကို အတိအကျ မသိရသေးပေ။

“ဒီကိစ္စမှာ စစ်တပ်ဘက်က လက်လွှဲသပ်လျှိုမွေးပြီး တော်လှန်ရေးအင်အားစုတွေဆီ အသွင်ယူ၊ ထည့်သွင်းထာတဲ့ ဒလန်တွေကြောင့် အခုလိုဖမ်းဆီးခံရတာက ပိုများနေတယ်။ ဒီအချက်ဟာ တော်လှန်ရေးကို အတော်ထိခိုက်စေတယ်” ဟု စစ်ကောင်စီကိုတော်လှန်နေသည့် ကော့သောင်းခရိုင်က လူငယ်တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် လက်နက်ထောက် ပို့လုပ်သည်ဟု ဆိုကာ မြန်မာနိုင်ငံသား ၂ ဦးဖမ်းဆီးခံခဲ့ရပြီး ယနေအချန်ထိပြန်မလွတ်သေးဘဲ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ဘန်ကောက် မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြကြနေသည့် မြန်မာနိုင်ငံသားများ ။

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article