32 C
Yangon

KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထမင်းစားနေသည့် မိသားစု ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး

Must read

KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထမင်းစားနေသည့် မိသားစု ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်း၊ KNU တပ်မဟာ ၃ နယ်မြေရှိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ထမင်း စားနေသည့် မိသားစု တစ်စု ကျည်ထိမှန်ကာ မိခင်ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ကြောင်း KNU ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်၏ ခမရ-၅၉၉ မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၇နာရီအချိန်၌ တုံးတောမှ ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၈နှစ်အရွယ်ရှိ မိခင် မမြင့်မြင့်ဆန်းမှာ နေရာတွင် သေဆုံးခဲ့ပြီး အသက် ၁၂နှစ်အရွယ် သမီးဖြစ်သူ မနှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အသက် ၅နှစ်အရွယ်ရှိ သားဖြစ်သူ မောင်ရန်လင်းထက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးသူငယ် ၂ဦးကို ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံယူနေသည့် ကလေးသူငယ် ၂ဦးအား ဆေးကုသရန်နှင့် ရှေ့ဆက်စားဝတ်နေရေးအတွက် အခက်အခဲ များစွာရှိနေကြောင်း ပြောဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်၏ ခမရ-၃၅၁မှ သစ်ချဆိပ်ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ နော်ထဲနေထူး၏ ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်ရှိပစ္စည်းများအားလုံး မီးလောင်ကျွမ်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် နတ်သံကွင်း-ကျောက်ကြီးကားလမ်း ပေါ်ရှိ ဆိတ်ကြီးတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်၏ ခလရ-၆၀ မှ နိုတောတာကျေးရွာရှိ ညီအစ်ကိုနှစ်ဦးကို ဖမ်ဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် ညီအစ်ကိုနှစ်ဦးမှာ မြို့ပေါ်သို့ ဖုန်းဝယ်ရန်အတွက် ဆိတ်ကြီးတွင် စစ်ဆေးခံရပြီး စောပီးပီ၏ဖုန်းတွင် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစများကို ပါရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် အသက် ၃၆နှစ်အရွယ်ရှိ စောပီးလီးနှင့် အသက် ၂၈နှစ်အရွယ်ရှိ စောပီးပီတို့ဖြစ်ကြပြီး လက်ရှိအချိန်ထိ ၎င်းတို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article