38 C
Yangon

ကန့်ဘလူ၊ မြေမွန်ရွာကို မီးရှို့ဖျက်ဆီးသော စစ်တပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါ အဝင် ၃ ဦးသေဆုံး၊ အရာရှိ အ​လောင်းများကို ရဟတ်ယာဥ်ဖြင့် သယ်ယူသွား

Must read

ကန့်ဘလူ၊ မြေမွန်ရွာကို မီးရှို့ဖျက်ဆီးသော စစ်တပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါ အဝင် ၃ ဦးသေဆုံး၊ အရာရှိ အ​လောင်းများကို ရဟတ်ယာဥ်ဖြင့် သယ်ယူသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အား PDF တပ်ဖွဲ့များ တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြေဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော အင်အား ၁၂၀ ပါအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက မြေမွန်ရွာထဲဝင်ပြီး ၁၈ ရက်နေ့က အရင်ဆုံးအိမ် ၁ လုံး မီးရှို့တယ်။ ၁၉ ရက်ကျတော့ မြေမွန်ရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော်လောက်ကို မီးစတင်ရှို့တော့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရွာမီးရှို့တော့ စစ်ခွေးတွေကို မြေမွန်ရွာ အပြင်ကနေဝိုင်းပြီး တိုက်တော့ တိုက်ပွဲဖြစ်ပွားပြီး မုံရွာ နမခ စစ်ခွေးတပ်ကနေ ရဟတ်ယာဥ် တစ်စီးရောက်လာပြီး တိုက်ပွဲမှာကျသွားတဲ့ အရာရှိ စစ်ဗိုလ် ၂ ကောင်အလောင်းကို သယ်သွားတယ်။ ကျန်တဲ့ တပ်သား ၁ ကောင်အလောင်းကိုတော့ မီးရှို့ထားခဲ့တယ်” ဟု ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် သေမင်းတမာန် အဖွဲ့ နှင့် ကန့်ဘလူမြို့နယ် ဗိုလ်လင်းယုန်မြေအောက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် မဟာမိတ် ညီနောင် ၇ ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article