30 C
Yangon

ယုဇနဥယျာဉ် မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို ဒုတိယနေ့ အဖြစ် ဖျက်ဆီး၊ စျေးဆိုင်နှင့်အိမ်များပါ မြေကော်စက်များဖြင့် ဖြိုချ

Must read

ယုဇနဥယျာဉ် မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို ဒုတိယနေ့ အဖြစ် ဖျက်ဆီး၊ စျေးဆိုင်နှင့်အိမ်များပါ မြေကော်စက်များဖြင့် ဖြိုချ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦး သေဆုံးစေခဲ့သော အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး နောက် ရပ်ကွက်စျေးကို စစ်တပ်နှင့်လူမိုက်များက ယမန်နေ့မှ စတင်၍ ဖျက် ဆီးခဲ့ပြီး ယနေ့တွင်လည်း ထပ်မံ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြော သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာ ၁၄ လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်း ဝင်းတို့ သေဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အမှတ် ၉၄ ရပ်ကွက် စျေးကို ဖျက်သိမ်းရန် စစ်ကားများနှင့် လူမိုက်များ ရောက်ရှိ ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်လည်း ဒုတိယနေ့ အဖြစ် စျေးဆိုင် များ နှင့်အိမ်များအားလုံးကို ဖျက်ဆီးနေကြောင်း သိရှိရသည်။

“အခုကစျေးဆိုင်တွေရော အိမ်တွေရော ဖျက်နေတာ။ လမ်းဘေးမှာ ပြည် သူ တွေက နေလည်းနေတယ်။ ဈေးလည်းရောင်းတယ်။ စီးပွားရေး အဆင် မပြေလို့ အဲဒီလိုလေးနေပြီး စျေးရောင်းနေကြရတာ။ေ အိမ်ဌားခ တွေကလည်း တစ်လ တစ်သိန်းနဲ့အထက်ပဲလေ။ ပထမ မြောင်းအနောက် လေးပေ ဖျယ်ပေး ရမယ် ဆိုပြီး ဒီနေ့ကျတော့ အကုန်ဖျက်ဆိုပြီး မြေကော်စက်တွေနဲ့ပါ ဖယ်တာ။ ပစ္စည်း တောင် ယူချိန်မရကြဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ အမှတ် ၉၄ ရပ်ကွက်စျေးကို ဖျက်ဆီးချိန် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှီရသည်။

ယုဇနဥယျာဉ်မြို့တော်၊ အမှတ် ၉၄ ရပ်ကွက်ရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး ရာအိမ် မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး သေ နတ် မှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရာအိမ်မှူး အောင် ဝင်းမှာ ခေါင်းတွင် ကျည်ထိခဲ့၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိ ရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article