28 C
Yangon

ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ ခမောက်ငယ်ရွာ ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း ကော့ သောင်းမြို့နယ် PDF အဖွဲ့က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ခမောက် ကြီး မြို့နယ်ခွဲ၊ ခမောက်ငယ်ရွာ ရွာသစ်ကျေးရွာနေ စစ်တပ်ခန့် ရာ အိမ် မှူး လင်းထွန်းအောင်နှင့် ဇနီးဖြစ်သူ အေးစိန်တို့ ၎င်းနေအိမ်၌ပင် ကော့ သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ တည်နေရာများ စခန်းများကို လမ်းပြသတင်းပေးမှုများ လုပ် ဆောင် နေခြင်း၊ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ် နေ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်၊ ဝက်လူးကျေးရွာတွင် စစ်ကောင် စီခန့် ရာအိမ်မှူး ဝင်းနိုင်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရာအိမ်မှူး ဝင်းနိုင်၏ နေအိမ်တွင်ရှိနေစဉ် သေနတ် သမား တချို့က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၀င်းနိုင်ပွဲချင်း‌ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ရာအိမ်မှူး ဝင်းနိုင်ကို သေနတ် ၄ ချက်နဲ့ပစ်သွားတာ။ ပွဲချင်းပြီးသေတယ်။ သူ က ပျူစောထီးလိုမျိုး စစ်တပ်အတွက် အလုပ်လုပ်နေတာ။ သတင်းပေးတယ်။ ရပ်ကွက်ထဲမှာ စစ်တပ်ကို ဆန့်ကျင်သူမရှိစေရ ဘူး အမြဲပြောနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article