28 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ပေါက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ​​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျွန်းတောရွာ၊ စံဖဲရွာ၊ ထန်းငယ်တောရွာ၊ ရှခွကြီးရွာ၊ ရှခွလေးရွာနှင့် ညောင်းဝန်းပေါက်ရွာတို့ကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၆ ရွာအတွင်းမှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပေါက်မြို့နယ် မြောက်ပိုင်း ကျေးရွာ ၆ ရွာက ပြည်သူ ၃၀၀၀ ကျော် စစ်ဘေး ရှောင်တိမ်းနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ စစ်ခွေး စစ်ကြောင်းက ကျွန်းတောရွာ အရှေ့တောနားတွင် တပ်ဖျောက်ထားတယ်။ အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေး စစ်ကြောင်းက လက်နက်ကြီး၊ ငယ်များ အဆက်မပြတ် ပစ်ဖောက်ပြီး ရွာတွေကို စီးနင်းနေတာပါ” ဟု ပြည်သူ တစ်ဦးမှ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article