ကရင်ပြည်နယ်၊KNU အုပ်ချုပ်မှုနယ်မြေတွင် ခိုလှုံနေသော CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားပြည်သူများကို အရေးပေါ်အကူအညီများ ထောက်ပံ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေတွင် ခိုလှုံနေသော CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားများကို AAC မဟာမိတ်အဖွဲ့၊ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နှင့် အနုပညာရှင်တချို့က အရေးပေါ် အကူအညီများ ပူးပေါင်း ထောက်ပံ့ကြသည်။
AAC မဟာမိတ်အဖွဲ့၊ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နှင့် အနုပညာရှင်တချို့ ပူးပေါင်းပြီး
ကရင်ပြည်နယ် အစွန်အဖျား နယ်စပ်ဒေသ တိုက်ပွဲများ ဖြစ်ပွားနေသော နေရာများမှ စစ်ဘေးရှောင်နှင့် ကရင်တိုင်းရင်းသားရွာသူရွာသားများ၊ KNU စီမံအုပ်ချုပ်နယ်မြေတွင် ခိုလှူံနေသော ရဲ၊တပ်၊ကျန်းမာရေး၊ပညာရေး CDM ဝန်ထမ်းမိသားစုများအား ဆန်၊ဆီ၊ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆေးဝါးများ၊စောင်၊ခြင်ထောင် နှင့် ရိက္ခာပစ္စည်းများ စုစုပေါင်း တန်ဖိုး ထိုင်းဘတ်ငွေ တစ်သိန်းကျော်ဖိုးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် နေရာသုံးနေရာခွဲဝေ လှူဒါန်းထောက်ပံ့ကြောင်း သိရှိရသည်။