34 C
Yangon

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး၊ ရွှေဘိုတွင်လည်း စစ်တပ်က ကျေးရွာ ၈ ရွာကို စစ်ကြောင်းထိုး စီးနင်းနေ၍ ပြည်သူ ၁၀၀၀ ကျော်တိမ်းရှောင်နေရ

Must read

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး၊ ရွှေဘိုတွင်လည်း စစ်တပ်က ကျေးရွာ ၈ ရွာကို စစ်ကြောင်းထိုး စီးနင်းနေ၍ ပြည်သူ ၁၀၀၀ ကျော်တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်းမာပင်မြို့နယ်ရှိ ဘိန်းနွယ်ချောင်နှင့် ကျေးစာကျ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” စစ်ခွေးတွေက ရွာ ၂ ရွာကို စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို မွှေနှောက် ဖျက်ဆီးသွားတယ်။ ပြည်သူ ၂ ဦး ကျည်ထိမှန်တယ်။ ဒဏ်ရာ အခြေအနေတော့ မစိုးရိမ်းရဘူး။ ရွာထဲမှာရှိတဲ့ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ပြည်သူတစ် ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ မုဒ်ပေါက် တောင်ဘက်ရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင်ကာ အင်အားသုံး စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article