39 C
Yangon

ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးများရှိနိုင်

Must read

ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးများရှိနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မကွေတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်၊ ထီးလင်းမြို့နယ်၊ ပုံတောင်နတ်ထိပ်တွင် စစ် တပ်နှင့် ထီးလင်း PDF တို့ အကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ ကြောင်း ထီးလင်း PDF ထံမှ သိရှိရသည်။

ဖေဖာ်ဝါရီလ ၂၆ ရက် က ထီးလင်းမြို့နယ်၊ ကျင်းအရှေ့ ပုံတောင်နတ်ထိပ်တွင် လှည့်ကင်း လှည့်လာ သော ကပစ ၂၄ တပ်မှ စစ်သားများနှင့် ဂန့်ဂေါခရိုင် တပ် ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ တို့မှ ကင်း လှည့်အဖွဲ့တို့ ထိပ်တိုက် တွေ့ ဆုံပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ပြီး MA 11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၈၀ နှင့် ခါးပတ် အီကွေ့ မန့်တစ်ခု တို့ကိုလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ အုန်းတော-ကျောက်ဆည်ကြား ကားလမ်းတွင် စစ်တပ်ကား ၃ စီးကို ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်စစ်ကိုင်း တပ်မ ၃၃ မှ အင်အား ပြည့် လိုက်ပါလာသည့် စစ်ကောင်စီကား ၃ စီးကို BLACK CAT (SGG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ စစ်ကားကြီး ၁ စီးကို ထိထိမိမိ ထိမှန်ခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး သေဆုံး မှုများ ရှိနိုင်ကြောင်း သိရှိရသည်။

မိုင်းဆွဲမှုကြောင့် စစ်ကားတစ်စီး၏ ကားနောက်ခန်းမှ စစ်သား ၃ ဦး ကားပေါ်မှ လွင့်ကျခဲ့ကြောင်း၊ ရှေ့ခေါင်းခန်းသူ စစ်သား တစ်ဦးလည်း ထိခိုက်ခဲ့ကြောင်း၊ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက်မှ ရှေ့ဆက်ထွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ကာ အနီးဝန်းကျင်ကို လိုက်လံရှာဖွေရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ထီးလင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article