35 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၂၀ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြေငူ- ကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်း ဆိုသူ နဲ့ စစ်တပ်သတင်း ပေးဒလန်လို့ သတ်မှတ်ခံရသူ ဘပြုံး ဆိုသူတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးက ခေါ်ဆောင် သွားပြီးတဲ့နောက် သေနတ်ဒဏ်ရာတွေ နဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေ ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ယင်းမာပင် နဲ့ ဆားလင်းကြီး အစပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းငယ်ကို PDF တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၁၀ ဦးသေပြီး ၊ Anti Drone Gun နဲ့ မိုင်းအမျိုးမျိုး စုစုပေါင်း ၁၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ KLG PDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မကွေးတိုင်း၊ သရက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဆင်ကော်နယ်မြေ ရဲစခန်း ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေပြီး ၊ ရဲ နဲ့ တပ်သား ၈ ဦး ဒဏ်ရာပြင်းထန် ရထားတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်ဆီကနေ ကနဦး သိထားရပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေတဲ့အတွက် ပြည်သူ ထောင်ဂဏန်းလောက်ဟာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article