28 C
Yangon

တနင်္သာရီနှင့် ပုလောတို့တွင် အရပ်သား ၄ ဦးကို စစ်ကောင်စီက ပစ်သတ်

Must read

တနင်္သာရီနှင့် ပုလောတို့တွင် အရပ်သား ၄ ဦးကို စစ်ကောင်စီက ပစ်သတ်

ရန်ကုန်|မတ်၂၇

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်က အရပ်သား ပြည်သူ အမျိုးသား ၄ ဦး ကို သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယခုလ မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့နယ်တွင် ဆိုင်ကယ် စီးလာသည့် လူငယ်အမျိုးသား နှစ်ဦးကို ကမ္မလိုင်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်ခုက သေနတ်နှင့် ပစ်သတ် ခဲ့ ကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

တနင်္သာရီမြို့ခံ သေဆုံးသူ နှင့်နီးစပ်သူဦးက “သူတို့ နှစ်ယောက်က ဝမ်းကွဲ ညီအစ်ကိုတွေပါ။ ရွာမှာ ဥယျာဉ်လုပ်ငန်း လုပ်နေတဲ့ သူတွေဖြစ်တယ်။ စစ်တပ်က စစ်ဆေးဖို့ လှမ်းခေါ်ချိန်မှာ မောင်းပြေးလို့ ဆိုပြီး ပစ်သတ်လိုက်တာ ဖြစ်တယ်”ဟု ပြော သည်။

ထိုသို့ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ နှစ်ဦးမှာ ကိုသန်းလင်းချစ်နှင့် ကိုပြည့်စုံအောင်တို့ ဖြစ်ပြီး ကျွန်းစုဒေသခံများဖြစ်ကာတနင်္သာရီမြို့နယ် ဥယျာဉ်ခြံတွင် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြသည်။

အလားတူ ပုလောမြို့နယ်က ပုလောကုန်းရွာသား ဒေသခံ အသက် ၃၀ ကျော်နှင့် နန်းတောင်ရွာခံ အသက် ၄၀ ကျော် အမျိုးသား ၂ဦးကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ် ဖွဲ့က ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုလောဒေသခံ တစ်ဦးက “ပစ်သတ်ခံရတာက ၃ ဦးပါ အခု အတည်ပြုနိုင်သေးတာက ၂ ဦးပဲသေး ရှိသေးတယ်၊ ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိနေတယ်” ပြောသည်။

စစ်ကောင်စီက ဖမ်းဆီး ပစ်သတ်ခဲ့သည့် အရပ်သား ၂ဦးမှာ ၁ဦးက သာမန် ဒေသခံတစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးမှာ ယခင်က အခြားဒေသသို့ ပြောင်းရွေ့နေထိုင်သူ ဖြစ်ကာ လက်ရှိတွင် ရွာကိုပြန် လာချိန် စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးပြီး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရွာများတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး ရွာသားများ ထိခိုက်မှုရှိနေပြီး အချို့ရွာများတွင် ပြည်သူများထွက်ပြေး တိမ်းရှောင်နေရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article