36 C
Yangon

ထန်တလန်၊ ခွါဖိုရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားရသော ပြည်သူ ၈ ဦးကို နေ့ချင်းပြီး သဂြိုလ်

Must read

ထန်တလန်၊ ခွါဖိုရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားရသော ပြည်သူ ၈ ဦးကို နေ့ချင်းပြီး သဂြိုလ်

ရန်ကုန်၊ မတ် ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်ကောင်စီက ဂျက်တိုက် လေ ယာဉ် ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသွားရသော ပြည်သူ ၈ ဦးကို ယ နေ့ ညနေ ပိုင်း နေ့ချင်းပြီး သဂြိုလ်ကြောင်း ချင်းပြည်နယ် ဒေသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထန်တလန်မြို့နယ်၊ ခွါဖိုရွာ ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက် လေယာဥ် ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် အရပ်သား ပြည်သူ ၈ ဦး သေဆုံးပြီး ထိခိုက် ဒဏ် ရာသူများလည်း ရှိကြောင်း ၊ စစ်တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် သေ ဆုံး သူ ၈ ဦးတွင် ခရစ်ယာန် ဘာသာရေးဆရာ Mr. Za Mawng ၏ သမီး ၂ ဦး၊ မြေး လည်း ပါဝင် သေ ဆုံး သွားကြောင်း သိရှိရသည်။

ဗုံးထိမှန်၍ ​သေဆုံးခဲ့သူများမှာ –

(၁) Nu Ngun Dawt (မ)

(၂) Nu Sung Hlei (မ)

(၃) Pi Len Zi (မ)

(၄) Sophia (မ) Pi Len Zi ၏ ကလေး

(၅) Pa Siang Cung Bik (ကျား)

(၆) Pa Van Duh (ကျား)

(၇) Pa Kep Lian (ကျား)

(၈) Pa Cung Hlei (ကျား) ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ လူနေအိမ်များလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article