28 C
Yangon

ဖားကန့်၊ ကာမိုင်းမြို့တွင် ဆန်နှင့်ဆီသယ်ဆောင်သူ ကိုမိုက်မိုက်ကို PDF ဟု စွပ်စွဲပြီး စစ်တပ်နှင့်ပြည်သူ့စစ်က ပစ်သတ်၊ အလောင်းပြန်မပေး

Must read

ဖားကန့်၊ ကာမိုင်းမြို့တွင် ဆန်နှင့်ဆီသယ်ဆောင်သူ ကိုမိုက်မိုက်ကို PDF ဟု စွပ်စွဲပြီး စစ်တပ်နှင့်ပြည်သူ့စစ်က ပစ်သတ်၊ အလောင်းပြန်မပေး

ရန်ကုန်၊ မတ် ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ဆန်နှင့်ဆီသယ်လာသည့် လူငယ် ကိုမိုက်မိုက်ကို PDF ဟု စွပ်စွဲပြီး စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များက ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမှ ဖားကန့်သို့ ကိုမိုက်မိုက်သည် ဆန်နှင့်ဆီများ သယ်ဆောင်ပြီး ကားဖြင့် တက်သွားစဉ် ကားမိုင်းဗြူဟာကုန်းမှ စစ်တပ်နှင့်ရှမ်းနီပြည်သူ့စစ်အဖွဲ့က လဝါးနှင့်မိုးကောင်းအကြား ကားကိုတား၍ ငွေကြေးကောက်ခံကြောင်း၊ သို့ရာတွင် ကိုမိုက်မိုက်မှာ ဆန်နှင့်ဆီသယ်ဆောင်လာ၍ PDF ဟု စွပ်စွဲကာ ဂိတ်တွင်ပင် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

” သေနတ်နဲ့ပစ်သတ်ပြီး ကိုမိုက်မိုက်မှာ သေနတ်ဒဏ်ရာသုံးချက်နဲ့ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အလောင်းနှင့်ကားကို ကာမိုင်း ဗျူဟာကုန်းသို့ သယ်ဆောင်သွားပါတယ်။ အခုချိန်အထိ မိဘတွေလိုက်ပြီး ကိုမိုက်မိုက်ရဲ့ Dead body ရရှိရေးကြိုးပမ်းနေမှုကို ဗျူဟာမှူးကိုယ်တိုင် ထုတ်မပေးဘဲ ငြင်းဆန်တယ်။ သူတို့ရဲ့ မသာမာမှု လူသိမှာ စိုး၍ ထိန်းသိမ်းနေပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ကိုမိုက်မိုက်ကို ပစ်သတ်လိုက်ကြသည့် စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များမှာ သောက်စား မူးယစ်နေကြသူများ ဖြစ်ကြောင်း သိရှိရသည်။

” ဂိတ်ထိုင်ရင် အဲခွေးတွေ့က အချိန်ပြည့်မူးနေကြတာ၊ ဘာမှ မမြင် မသိအောင်မူးနေကြတာ၊ ဟိုအရင်တစ်ခါလည်း ဂိတ်ကို ဗုံးနဲ့လာပစ်တာ ဘယ်နှစ်ယောက်သေလဲမသိဘူး၊ တစ်လောကပဲ ဇီးကျွန်းသားတစ်ယောက် သတင်းပေး လိုလို ဘာလိုလိုနဲ့ကောင် စစ်တပ်သတင်းပေးကို ပစ်သတ်တယ်။ သူတို့အချင်းချင်းသေတော့ ရက်တောင်အကျော်မခံဘူး၊ တစ်ခါထဲ မြေချလိုက်ကြတယ်” ဟု အခြားဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်တပ်က ပစ်သတ်လိုက်သူ ကိုမိုက်မိုက်သည် မိဘကို လုပ်ကျွေးနေသူဖြစ်ပြီး နိုင်ငံရေးနှင့်မပတ်သက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article